ရွာနားမှာ ရန်လာရှာတဲ့မြွေကြီးတစ်ကောင် ဟင်းစားခွက်သို့ ပြောင်းလဲသွားရတဲ့ အဖြစ်

//s9.kh1.co/92/927e80abef82e96bf3f198597e289269fd9e159c.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ဒီတစ်ခေါက်မှာတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့ဖူးတဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်လေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒီဖြစ်ရပ်လေးကတော့ လမ်းရှေ့မှာပိတ်နေတဲ့ 23 ပေရှည်တဲ့ ဧရာမမြွေကြီးတစ်ကောင်နဲ့ တိုက်ခိုက်ခဲ့တဲ့ Robert Nababan ဆိုသူ အမျိုးသားရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ လူတစ်ယောက်အနေနဲ့ မြွေကြီးတစ်ကောင်ကို တိုက်ခိုက်တာက တော်ရုံတော့မဟုတ်ပါဘူး။

https://s9.kh1.co/__image/w=650,h=650,q=100/3e/3eecd7b768dab7ea85d783826f8cd11afb2d48bc.png
https://s9.kh1.co/__image/w=310,h=465,q=100/65/65bab7f2a0695ff2006f60d0e4e92fa3b0ea4c04.jpg

ဖြစ်ပုံကတော့ Robert ဟာတစ်ရက်အိမ်ပြန်လာစဥ် လမ်းမှာမြွေကြီးတစ်ကောင်က ပိတ်နေတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူ့ရဲ့လက်တစ်ဖက်ဟာ မြွေကြီးကိုက်တာ ခံခဲ့ရပါတယ်။ ဒါပေမယ့် Robert နဲ့ မြွေကြီး လုံးထွေးသတ်ပုတ်နေစဥ်အချိန်အတွင်းမှာပဲ ရွာသားတွေအချိန်မှီ ရောက်လာခဲ့တာကြောင့် Robert ကိုလည်း ကယ်တင်နိုင်ခဲ့သလို မြွေကြီးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ Robert ကတော့ မြွေကြီးရဲ့တိုက်ခိုက်မှုကြောင့် မသေရုံတမယ် ဒဏ်ရာတွေရရှိတာကြောင့် ဆေးရုံကိုပို့ပီး ဆေးကုသပေးခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=576,h=992,q=100/61/6189f0e9dbb0a315292aa29e6f3dc25bec16ad49.jpg

မြွေကြီးကတော့ ရွာသားတွေရဲ့ တိုက်ခိုက်မှုဒဏ်ကို အကြာကြီးတောင့်မခံနိုင်ခဲ့ပဲ အသက်သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရွာသွားတွေဟာ မြွေကြီးကို ကြိုးတန်းသဖွယ် ပြုလုပ်ထားခဲ့ပြီး ကလေးတွေကတောင် မြွေကြီးအလောင်းပေါ်မှာ တက်ဆော့ခဲ့ကြပါသေးတယ်။ အဲ့ဒီနောက်မှာတော့ ရွာသားတွေဟာ မြွေကြီးကို အညီအမျှ ခုတ်ပိုင်းပြီး ခွဲဝေကာ ချက်ပြုတ်စားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။ လူတွေရဲ့နီးနားအရပ်မှာ ရန်လာရှာတဲ့ မြွေကြီးရဲ့ဇာတ်သိမ်းကတော့ ရွာသွားတွေရဲ့ ဟင်းတစ်ခွက်ဖြစ်လို့သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=624,h=639,q=100/29/29e5d5cb826075dd71310882ec74374e239abad5.jpg
https://s9.kh1.co/__image/w=480,h=480,q=100/af/afa539f17ea28b5346abdadd6d06c5c4656a5951.jpg

သတင်း အရင်းအမြစ်The Regional

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T