တောကောင်ကြီးတစ်ကောင်ကို မျိုထားတဲ့ မြွေကြီးကို လိုက်ဆွဲနေတဲ့ အမျိုးသားရဲ့ ဗီဒီယို

//s9.kh1.co/5e/5e293ac6b4d263987c30823ec8a5f0d2cd7f6e9e.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ Brazil နိုင်ငံမှာဖြစ်ပွားခဲ့ဖူးတဲ့ ဖြစ်ရပ်လေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒီဖြစ်ရပ်လေးကတော့ အမျိုးသားတစ်ယောက်ဟာ လှေစီးနေရင်း ရေထဲမှာ ရှိတဲ့ စပါးအုံးမြွေကြီးတစ်ကောင်ကို အမြှီးလိုက်ဆွဲခဲ့တဲ့ ဖြစ်ရပ်လေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=636,h=358,q=100/b0/b01804cd776b1e8f1fdac1f8b8b672dfac4754aa.jpg
https://s9.kh1.co/__image/w=320,h=180,q=100/26/26acd7d3160f55404345b87afcb191b7ae8e8442.jpg

ဗီဒီယိုလေးရဲ့အစမှာတော့ အမျိုးသားဟာ ကမ်းစပ်မှာ တောကောင်ကိုမြိုပြီး အနားယူနေတဲ့ မြွေကြီးကို လှော်တက်နဲ့ထိုးပီး စခဲ့တာကိုတွေ့ရပြီး မြွေကြီးကလည်း ရေထဲကိုထွက်ပြေးခဲ့ပါတယ်။ စပါးအုံးမြွေကြီးဟာ အရွယ်အစားကြီးမားတဲ့ တောကောင်းကြီးတစ်ကောင်ကို မြိုထားတာကြောင့် သိပ်မလှုပ်ရှားနိုင်ဖြစ်နေတဲ့အချိန်မှာ ဒီအမျိုးသားက လှေနဲ့အနောက်ကလိုက်ပြီး အမြှီးကို ဆွဲခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=634,h=428,q=100/7d/7d757f64204230c2467694095de950f6886f532b.jpg
https://s9.kh1.co/__image/w=650,h=365,q=100/3b/3b55c6f53cd7ae3d800e487df2efd5a3e9d4215b.webp

မြွေကြီးခင်ဗျာမှာတော့ သူအားနည်းတဲ့အချိန်ရောက်နေတဲ့အတွက် ၎င်းအမျိုးသားကို ပြန်လည်တွန်းလှန်နိုင်ခြင်းမရှိပဲ သူလွတ်ဖို့သာကြိုးစားပြီးပြေးနေခဲ့တာကို တွေ့ရပါတယ်။ အမျိုးသားလည်း မြွေကြီးရဲ့ အမြှီးကို မကြောက်မလန့်နဲ့ဆွဲထားရဲတဲ့ သတ္တိကတော့ လေးစားစရာပါပဲ။ ပရိသတ်တွေကိုယ်တိုင်မြင်တွေ့နိုင်စေဖို့အတွက် ဗီဒီယိုလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Elitereader

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T