ကလေး - ရန်ကုန်လေယာဥ်လက်မှတ်စျေးနှုန်းများ ခုန်တက်

//s9.kh1.co/a8/a83bf27b9f96fa76e7afc189b107edbcf9a062f4.jpeg
နေ့စဉ်သတင်းများ

 ၂၂-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

ကလေး - ရန်ကုန်လေယာဥ်လက်မှတ်စျေးနှုန်းများ ခုန်တက်

အောက်တိုဘာ ၂၁ ရက်နေ့မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့လက်မှတ်အရောင်းဋ္ဌာန တာဝန်ရှိသူတစ်ဦးက ကလေး - ရန်ကုန် ခရီးစဥ် လေယာဥ်လက်မှတ်စျေးနှုန်းများ မြင့်တက်သွားပြီးဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Photo Credit - Google
Photo Credit - Google

ယခင်က ကလေး - ရန်ကုန် ခရီးစဥ်လေယာဥ်လက်မှတ်တစ်စောင်လျှင် ပုံမှန် ၉၁၀၀၀ ကျပ်နှုန်းကျသင့်ရာကနေ ယခုဖြတ်မည့် လက်မှတ်များဟာ တစ်စောင်လျှင် ၁၁၃၀၀၀ ကျပ်ဖြင့်ဝယ်ယူရမယ်လို့လည်း ဆိုပါတယ်။

MNA လေကြောင်းလိုင်းရဲ့ ကလေး - ရန်ကုန် ခရီးစဥ်ကို နောက်လ နိုဝင်ဘာထဲမှာ ၁၁၃၀၀၀ ကျပ်နဲ့ဝယ်ယူစီးနင်းရမှာဖြစ်သလို  ကြိုပဲဖြတ်ဖြတ် ၊ရက်ကပ်မှပဲဖြတ်ဖြတ် ဒီစျေးနှုန်းအတိုင်းပဲ ဝယ်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit - Google
Photo Credit - Google

စက်တင်ဘာနောက်ဆုံးပတ်တွင် စက်သုံးဆီစျေးများ အဆမတန်မြင့်တက်ခဲ့ပြီး ထိုရိုက်ခတ်မှုက လေယာဥ်လက်မှတ်စျေးနှုန်းများတက်ရန် အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်လာစေပါတယ်။

လေယာဥ်လက်မှတ်ခများ တက်နေပေမဲ့လည်း ခရီးသွားလိုသူ များပြားလှတာကြောင့်  အောက်တိုဘာလကုန်အထိကို လေယာဥ်လက်မှတ်များရောင်းချဖို့ရန်မရ်ှိတော့ကြောင်း လက်မှတ်အရောင်းဋ္ဌာနက ဆိုပါတယ်။

ကလေးကနေ ရန်ကုန်ခရီးစဥ်အတွက် လက်မှတ်တွေ​ အောက်တိုဘာလကုန်အထိ အကုန်ရောင်းပြီးသွားပြီ ဖြစ်ပြီး နိုဝင်ဘာ ၂ရက်နေ့ကစပြီး လက်မှတ်တွေပြန်ဝယ်ယူလို့ရမှာ ဖြစ်ပါတယ်။နောက်ပြီးတော့  ကလေး - မန္တလေးခရီးစဥ်အတွက်လေယာဥ်လက်မှတ်​စျေးက ၆၈၀၀၀ ကျပ်လို့လည်း သူက ဆိုပါတယ်။

Photo Credit - Google
Photo Credit - Google

ယခုနှစ် ဇွန်လ​နှောင်းပိုင်းက စတင်ပြီး Covid 19 ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် ကလေးမြို့လေဆိပ်ကို အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ခရီးသွားရောက်လိုသူများအနေဖြင့် ကလေးမြို့ပြည်သူ့ဆေးရုံတွင် Covid 19 ရောဂါရှိမရှိ စစ်ဆေးရမှာဖြစ်ပြီး ရောဂါရှိကြောင်းတွေ့ရှိပါက ခရီးသွားခွင့်မပြုကြောင်းနှင့် လက်မှတ်ဖိုးအပြည့်ပြန်အမ်းမည်ဟုလည်း လေကြောင်းလိုင်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

လက်ရှိမှာ MNA လေကြောင်းလိုင်းတစ်ခုသာ ပြေးဆွဲနေပြိးတစ်ပတ်လျှင်  အင်္ဂါ၊ကြာသပတေး၊စနေ သုံးရက် ပြေးဆွဲလျက်ရှိပါတယ်။အဲကမ္ဘောဇ (Air KBZ) လေကြောင်းလိုင်းကမူ သက်ဆိုင်ရာ ခွင့်ပြုချက်ရသည်နှင့် ချက်ချင်းပြေးဆွဲပေးသွားမယ်လို့လည်း လူမှုကွန်ယက်စာမျက်နှာမှာ ကြေညာထားပါတယ်။

သတင်း အရင်းအမြစ်FreemyanmarBook

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T