သူ့ရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး အလှူငွေများ လိုက်လံတောင်းခံနေတဲ့ လူလိမ်တွေကို ပြတ်ပြတ်သားသား ပြောလာတဲ့ ထူးခန့်ကျော်

//s9.kh1.co/11/11da31999757af0b0efa22b16cfcb5dfcf9f838b.jpg
အနုပညာရှင်များ

 ၂၂-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ ထူးခန့်ကျော်ကတော့ လက်ရှိမှာ သူတတ်မြောက်ထားတဲ့ မြန်မာ့တိုင်းရင်းဆေးပညာတွေနဲ့ (၇)ရက်သားသမီးများ၏ ထုံ၊ကျင်၊ ကိုက်ခဲ နေသောရောဂါဝေဒနာများကို ကုသပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူကုသပေးတဲ့ လူနာတွေကလည်း ရောဂါသိသိသာသာ ပျောက်ကင်းသက်သာသွားတာကြောင့် နေ့စဥ် လာရောက်ကုသသူတွေ များနေတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=1067,q=100/ed/edfda9ede66eba8e814354113ee52e4ffae68b2a.jpg
https://s9.kh1.co/__image/w=600,h=810,q=100/a7/a7f41004dce460b46d9050ebe7a2231c858f254f.jpg

လေးစားစရာကတော့ ရတနာသုံးပါးအား အမြဲဦးထိပ်ပန်ဆင်ကန်တော့တဲ့ ထူးခန့်ကျော်ဟာ ဆေးလာရောက်ကုသသူတွေကို စေတနာ ၊ မေတ္တာအရင်းခံပြီး ငွေကြေးတောင်းခံခြင်းမရှိဘဲ အခမဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။ ဒီလို ကုသပေးနေရင်းနဲ့လည်း အချောင်းသမားတချို့ လူလိမ်များက သူ့ရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး အလှူငွေများလိုက်လံ တောင်းခံခြင်းများ ရှိလာခဲ့ပါတယ်။

Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw

ဒီအကြောင်းကို ကြားသိရတဲ့ ထူးခန့်ကျော်ကတော့ သူ့ရဲ့နာမည်အား အလွဲသုံးစားလုပ်နေတဲ့ အချောင်းသမားတွေကို လူမှုကွန်ယက်ပေါ်မှာ ပြတ်ပြတ်သားသား ပြောလာတာ တွေ့ရပါတယ်။ ထူးခန့်ကျော်ဟာ ယနေ့အချိန်ထိ မည်သူ တစ်ဦးတစ်ယောက်ဆီကမှ အလှူငွေတောင်းခံခြင်းမရှိဘဲ လူနာတွေကို စေတနာ၊ မေတ္တာအရင်းခံပြီး ကုသပေးနေတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=547,q=100/84/84092a465603f12c6836ec7cbb9bea4a1c8697b6.jpg

သတင်း အရင်းအမြစ်Source - Htoo Khant Kyaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T