Selfie ကောင်းကောင်းလေး တစ်ပုံရဖို့အတွက်နဲ့ မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ကောင်မလေး

//s9.kh1.co/43/4360eb4d66cfd570ca5ab81001e8c703157d5ea3.jpg
နေ့စဉ်သတင်းများ

 ၂၁-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ဒီဖြစ်ရပ်လေးဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုဖြစ်ပြီး တကယ့်ကိုသင်ခန်းစာယူစရာဖြစ်ရပ်တစ်ခုပါပဲ။ ဖြစ်ပွားပုံကတော့ Nirupama Prajapati လို့ခေါ်တဲ့ ကောင်မလေးဟာ အခြား လူတွေနဲ့အတူ ရေစီးအရမ်းသန်တဲ့ မြစ်အပေါ်ပိုင်းနားမှာ Selfie ရိုက်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အနောက်က အမျိုးသားတစ်ယောက်ဟာ Prajapati အနားကိုကပ်လာစဉ် သူမကိုတွန်းထုတ်လိုက်သလိုဖြစ်မိသွားပါတယ်။ သူမလည်း ခြေချော်ပြီး လဲကျကာ Prajapati ဟာ ရေစီးနဲ့အတူ မြောပါသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=352,q=100/20/209f47ef27858a8d60db5f97297c4e16ea475ce1.jpg
https://s9.kh1.co/__image/w=634,h=356,q=100/9a/9a45decd9f7fbc54712d98f6412e355f9e40cd47.jpg

အဲ့အချိန်မှာတော့ အော်သံကြီးတစ်ခုသာ ကြာခဲ့ရပြီး Prajapati ဟာလည်း ရေစီးနဲ့အတူ ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမရဲ့မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေဟာ တာဝန်ရှိသူတွေနဲ့အတူ Prajapati ကို လိုက်လံရှာဖွေခဲ့ကြပေမယ့် ချက်ခြင်းမတွေ့ခဲ့ကြပါဘူး။ 22နာရီလောက်ရှာဖွေပြီးမှသာ သူမကျသွားတဲ့နေရာနဲ့ သိပ်မနီးမဝေးက ကျောက်ဆောင်တစ်ခုအနားမှာ သေဆုံးနေတဲ့ Prajapati ရဲ့ အလောင်းကို တွေ့ရှိခဲ့ရပါတယ်။

https://s9.kh1.co/__image/w=634,h=360,q=100/4a/4aed3eb57864228997c8a54c50d73b3ec84e003b.jpg
https://s9.kh1.co/__image/w=650,h=400,q=100/6b/6bacac6de29ce53951939d9c6708b45607381fc8.jpg

အလောင်းကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ ကျောင်ဆောင်တွေနဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေကိုတွေ့ရပြီး ရေတွေလဲဝင်ထားတာကြောင့် အလောင်းကပွနေခဲ့ပါတယ်။ သူမရဲ့မိသားစုဝင်တွေအနေနဲ့လည်း Prajapati ရဲ့အသက်မရှိတော့တဲ့ အလောင်းကိုမြင်တွေ့ရတာကနေ မျက်ရည်မထိန်းနိုင်ဖြစ်ခဲ့ရပေမယ့် Prajapati ရဲ့အသက်က ပြန်ရှင်မလာနိုင်တော့ပါဘူး။ Selfie ကောင်းကောင်းလေး တစ်ပုံရဖို့အတွက်နဲ့ မတော်တဆမှုဖြစ်ပြီး အသက်ပေးသွားရတဲ့ Prajapati ရဲ့အဖြစ်ကတော့ တကယ့်ကိုကြေကွဲစရာပါပဲ။

https://s9.kh1.co/__image/w=500,h=476,q=100/d1/d139e36ae8d64e8a0ebd2fb82d3728ee975420e5.webp

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T