နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းလေးတွေအတွက် ရင်ထဲက စကာလေးတစ်ခွန်းကို စိတ်မကောင်းစွာ ပြောလိုက်တဲ့ အဆိုတော် G Fatt

//s9.kh1.co/89/890900cd4a2cb02d8f79d25bf3fc3dbf8c821775.jpg
အနုပညာရှင်များ

 ၁၉-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကိုယ်တွေတောင်မြင်ရင် စိတ်မကောင်းဖြစ်နေတာ သူတို့နဲ့သက်ဆိုင်တဲ့မိသားစုတွေဆို ဘယ်လောက်ခံစားရမလဲ....

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အဆိုတော် G-Fatt တော့ လူငယ်ကြိုက် တေးသီချင်း ကောင်းများစွာကို ကိုယ်တိုင် ရေးသား သီဆိုပြီး အောင်မြင်တဲ့အဆိုတော် တစ်ယောက် အဖြစ်ဆုတံဆိပ်ပေါင်း များစွာကိုလည်း ရရှိထားသူပါ။ “ပြည်ပသို့ ပေးစာ” သီချင်းနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို စတင်ရရှိခဲ့ပြီး G-Fatt ရဲ့ တစ်မူထူးခြားတဲ့ အသံကြောင့် ပရိသတ်တွေရဲ့ ပိုသတိထား အားပေးမှုတွေကို ရရှိခဲ့တယ်လို့ ဆိုရမှာပါ.။

Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc

G Fatt က မြန်မာနိုင်ငံမှာ ကိုဗစ်တွေ ပျံ့ပွားလာတဲ့အချိန်တုန်းကလည်း တခြားအနုပညာရှင်တွေနဲ့မတူဘဲ PPE ဝတ်ဆင်ကာလူနာတွေဆီကို ကိုယ်တိုင်ကိုယ်ကျ အောက်ဆီဂျင်လိုက်ဖြည့်ပေးနေတဲ့ စေတနာဝန်ထမ်းလေးလဲ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါကြောင့် စိတ်ထားကောင်းတဲ့ G Fatt ကို သူ့ပရိသတ်တွေက အားပေးရကျိူးနပ်တယ်ဆိုပြီး ကိုချီးကျူးနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc

ဒါ့အပြင် နွေဦးတော်လှန်ရေး မှာလည်း ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။နေ့စဉ်လမ်းပေါ်ထွက်ပြီးဆန္ဒထုတ်ဖော်ခဲ့ပြီး လူမှုကွန်ယက်တွင်လည်း လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ဝေမျှခဲ့တဲ့အတွက် ပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းရာနေရာသို့ ခေတ္တခဏ တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc
Photo Credit : Original Uploader
Photo Credit : Original Uploader

အောက်တိုဘာလ ၁၈ ရက်နေ့ မနေ့က ပုဒ်မ (၅၀၅ က)နဲ့ အမှုဖွင့်ခံရတဲ့ အနုပညာရှင်တချို့ကို အမှုပိတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အတွက်လည်း လူတော်တော်များများက ဝမ်းသာပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ ဒီကြောင်းနဲ့ပတ်သတ်ပြီး G Fatt ကတော့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းလေးတွေကတော့ ပြန်မလာနိုင်တော့ဘူးဆိုပြီး စိတ်မကောင်းစွာ ပြောထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/04/049ca7d6eb697c955759c6b75db68363bf6537dc.jpg

“အိမ်ပြန်သွားနိုင်တဲ့သူတွေထဲမှာ သူတို့လေးတွေမပါခဲ့ဘူး” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် G Fatt ရေးသားထားတဲ့ စာလေးကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

https://s9.kh1.co/__image/w=650,h=754,q=100/ea/ea4ae82922c82faa575b255c097845f2efd21254.png

Source : G Fatt's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T