လွတ်မြောက်နယ်မြေရောက်နေချိန်မှာ ပြောင်းလဲသွားတဲ့ အခုလက်ရှိပုံလေးကို မနှစ်ကဓာတ်ပုံနဲ့ ယှဉ်ပြီး ချပြလာခဲ့တဲ့ ညီနန္ဒ

//s9.kh1.co/5c/5c266d5bc211a55fe3c840de2573729bd9d97369.jpg
အနုပညာရှင်များ

 ၁၉-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

စရိုက်နှစ်မျိုး ပီပီပြင်ပြင် သရုပ်ဆောင်နေသလိုဆိုပြီး .....

သရုပ်ဆောင်မင်းသား ညီနန္ဒကတော့ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး သဘာဝကျတဲ့ ဇာတ်ပို့ကောင်း တစ်ယောက်လည်းဖြစ်ပါတယ်။ ညီနန္ဒကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။  အမှုဖွင့်အရေးယူခံထားရတာကြောင့် ညီနန္ဒဟာ ရှောင်ပုန်းနေရတာဖြစ်ပြီး ဖခင်ဖြစ်သူဆုံးပါးသွားခဲ့တာတောင် လာမတွေ့နိုင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

ညီနန္ဒဟာ အနုပညာလောကမှာလည်းအောင်မြင်မှုတွေရရှိထားတဲ့ ဝါရင့်အနုပညာရှင်ဖြစ်သလို ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ ကိုနန္ဒထောပတ်ထမင်းကလည်း အတော်လေးအောင်မြင်မှုရရှိထားတာဖြစ်ပါတယ်။ညီနန္ဒက  စစ်ကောင်စီရဲ့  အမှုဖွင့် အရေးယူခြင်းခံထားရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်း ခိုနေရသူလည်း ဖြစ်ပါတယ်..။ အခုဆိုရင် မိသားစုနဲ့လည်းခွဲခွာနေရသလို အရင်လိုထောပတ်ထမင်းလုပ်ငန်းကိုလည်း မလုပ်နိုင်တော့တာဖြစ်ပါတယ်။

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

အခုဆိုရင် ညီနန္ဒကတော့ ၂၀၂၀ က ဓာတ်ပုံနဲ့ အာဏာသိမ်းပြီး (၉)လအကြာက ၂၀၂၁ ဓာတ်ပုံကိုယှဉ်ပြလိုက်တာပဲဖြစ်ပါတယ်။ သူကတော့ " စရိုက်နှစ်မျိုး ပီပီပြင်ပြင် သရုပ်ဆောင်နေသလို"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေတစ်နေရာရောက်နေချိန်မှာ ပြောင်းလဲသွားတဲ့ သူ့ရဲ့ရုပ်ရည်ကိုချပြလိုက်တာဖြစ်လို့ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/5c/5c266d5bc211a55fe3c840de2573729bd9d97369.jpg

Source - Nyi Nanda's Fb Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T