လက်ရှိမှာ ထွက်ပေါ်လာတဲ့ အတွင်းရေးအရှုပ်တော်ပုံတစ်ခုကြောင့် မဆီမဆိုင် အထင်မြင်လွဲခံနေရတဲ့ မိန်းကလေးများရဲ့ အသည်းစွဲ ပါးချိုင့်ပိုင်ရှင်လေး Kim Seon Ho

//s9.kh1.co/34/349f0c727accce2ffe4a8c3cb9b96caecb7b944a.jpg
အနုပညာရှင်များ

 ၁၉-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကောလဟာလ သတင်းအချို့ကို ဖြေရှင်းလိုက်နိုင်ခဲ့တဲ့အတွက် ပရိတ်သတ်များကအတိုင်းမသိဝမ်းသာနေပါတယ်နော်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

သိပ်မကြာသေးခင်က ရေပန်းစားအောင်မြင်ကျော်ကြားလာတဲ့ ပါးချိုင့်ပိုင်ရှင်မင်းသားလေး ကိုတော့ အားလုံးကသိကြမှာပါ။သူဟာ Start Up ဇာတ်ကားမှာ ဒုတိယမင်းသားနေရာက ပါဝင်သရုပ်ဆောင်ရာမှ ပရိတ်သတ်တွေသတိထားမိခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ ဇာတ်သိမ်းသွားတဲ့ Hometown Cha Cha ဇာတ်ကားမှာတော့ ခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုအပြည့်အဝရရှိခဲ့သူလေးဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

ယမန်နေ့ အောက်တိုဘာ(၁၈)ရက်နေ့က ကိုးရီယားမှာ မင်းသားတစ်ဦးဟာ သူ့ရဲ့ငယ်ရည်းစားနဲ့ ကျူးကျူးလွန်လွန်ဖြစ်ခဲ့ပြီးနောက် ကိုယ်ဝန်ဖျက်ချခိုင်းတယ်ဆိုတဲ့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ဒီသတင်းကို တင်လာသူက ဘယ်မင်းသားဆိုတာကိုမပြောခဲ့ပေမယ့် မင်းသားရဲ့အမည်ကိုမဖော်ပြလိုတဲ့အတွက် နာမ်စားကို K လို့အသုံးပြုခဲ့ပါတယ်။ဒါကိုတချို့သော သူတွေက မင်းသား Kim Seon Ho လို့သတ်မှတ်ပြီး မင်းသားကို ဝိုင်းဝန်းစွပ်စွဲမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

မင်းသား Kim Seon Ho နှင့်ကြော်ငြာမှုများပြုလုပ်ထားခဲ့တဲ့ အချို့သော ကုမ္ပဏီများကလည်း ပါတဲ့ပုံတွေကိုဖျက်ချပစ်တဲ့အထိကိုဆိုးဆိုးရွားရွားတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ ဒီသတင်းဟာ အမှားသာဖြစ်ကြောင်း Dispatch က ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။မင်းသား Kim Seon Ho ရဲ့ ပရိတ်သတ်များကလည်း ကြော်ငြာ ကုမ္ပဏီ တချို့ကို အင်မတန်စိတ်ဆိုးနေကြပြီး မင်းသား Kim Seon Ho အတွက်လည်းအင်မတန်ဝမ်းသာနေကြပါတယ်။မင်းသားရဲ့ Entertainment ကလည်းဘယ်လိုဖြေရှင်းမှုများနှင့်တာဝန်ယူမှုများလုပ်ဆောင်မလဲဆိုတာ ပရိတ်သတ်များကလည်း အရမ်းကိုစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T