အရင်လို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်တဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်ပေါ်က ဈေးဆိုင်တန်းများ

//s9.kh1.co/1a/1a9b89f4f4ea49334d4a1e18f43e1fc64d17e4bb.jpg
နေ့စဉ်သတင်းများ

 ၁၉-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

ဈေးဆိုင်တန်းတွေလည်း လာလည်မယ့်သူမရှိတော့ ခြောက်ကပ်နေတာပဲနော်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်လို့ဆိုလိုက်တာနဲ့ တန်ခိုးကြီးမားလွန်းပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့ တန်ဖိုးထားအလေးစား အကြည်ညိုရဆုံး စေတီတော် တစ်ဆူဖြစ်ကြောင်း ပရိတ်သတ်များအားလုံးကသိကြမှာပါ။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဟာ ပုံမှန်မဟုတ်တဲ့ သွင်ပြင်အနေအထားကြောင့် နိုင်ငံတကာကခရီးသွား ဧည့်သည်များကပါ လာရောက်လေ့လာရတဲ့အထိကို ကြည်ညိုလေးစားဖွယ်ကောင်းတဲ့ တန်ခိုးကြီးစေတီတော်ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ပုံမှန်အချိန်တွေမှာဆိုရင် ခုလို ရာသီမျိုးတွေမှာ ကျိုက်ထီးရီုးစေတီတော်ကို သွားရောက်လည်ပတ်သူ အတော်များပြားနေမှာဖြစ်ပေမယ့် ယခုနှစ်မှာတော့ ကိုဗစ်နှင့်နိုင်ငံရေးအခြေအနေများကြောင့် သွားရောက်လည်ပတ်သူအင်မတန်နည်းပါးသွားခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် ထိုစေတတီတော်အား အမှီသဟဲပြုပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းအချို့လည်းရပ်တန့်ထားခဲ့ရတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယခုရက်များမှာတော့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ပေါ်ရှိ ဈေးဆိုင်တန်းများအားပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်ပါတယ်။ဈေးဆိုင်တန်းများဟာ ကာလအတန်အသင့်ကြာအောင် ပိတ်ထားရာမှ ယခုလိုခရီးသွားရာသီရောက်လာတဲ့အခါ အရင်နှစ်တွေလို ဧည့်သည်တွေလာရောက်လည်ပတ်နိုင်ဦးမလားဆိတဲ့ မျှော်လင့်ချက်အချို့နဲ့ ဖွင့်ခဲ့ဟန်တူပါတယ်။ပရိတ်သတ်များလည်း ပုံလေးတွေရှုစားရင်း ယခင်သွားခဲ့ဖူးတဲ့အချိန်များအားပြန်လည်သတိရစေနိုင်ရန် ရေးသားဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T