အမှုကနေ လွတ်လာတဲ့အထဲမှာ သူမနာမည် ပါမပါမသိရသေးပေမယ့် လွတ်လာမယ့်သူတွေအားလုံးအတွက် ဖြစ်ပေါ်နေတဲ့ ခံစားချက်တစ်ခုကို ဖွင့်ဟလာတဲ့ သန္တာလှိုင်

//s9.kh1.co/1a/1a5b99bb175e1e749ccb9d23a2a2632e75948951.jpg
အနုပညာရှင်များ

 ၁၈-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ မော်လ်ဒယ် သန္တာလှိုင်ကတော့ နွေဦးတော်လှန်ရေးကာလလေးမှာ ပြည်သူတွေနဲ့ အတူ အပြည့်အဝရပ်တည်ပေးထားပြီး လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒါ့အပြင်  ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့ပြီး တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးခဲ့တာကြောင့်လည်း  အားလုံးရဲ့ ချီးကျူးခြင်းတွေကို  ရရှိခဲ့ပါတယ်။

Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page

ဒီလိုအမှန်တရားဘက်က ရပ်တည်ခဲ့ပြီးနောက်ပိုင်းမှာတော့ သန္တာလှိုင်ဟာ ပုဒ်မ (၅၀၅က)ဖြင့် အမှုဖွင့်ခံရတဲ့ သူတွေထဲမှာပါဝင်ခဲ့တာကြောင့် လွတ်မြောက်ရာ အဝေးမှာတစ်နေရာမှာ လက်ရှိအချိန်ထိ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ အဝေးမှာ တိမ်းရှောင်းနေရပေမယ့်လည်း နွေဦးတော်လှန်ရေးအတွက် သူမတတ်နိုင်တဲ့ ဘက်ကနေ လုပ်ဆောင်ပေးခဲ့တာလည်း တွေ့ရပါတယ်။

Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page

ဒီကနေ့ အောက်တိုဘာလ (၁၈) နေ့မှာတော့ ပုဒ်မ (၅၀၅ က)ဖြင့် အမှုဖွင့်ခံရတဲ့ အနုပညာရှင်တချို့ကို အမှုပိတ်သိမ်းကြောင်း သတင်းမှထုတ်ပြန်ခဲ့ပါတယ်။ ဒီကြောင်းနဲ့ပတ်သတ်ပြီး သန္တာလှိုင်ကတော့ ပုဒ်မ(၅၀၅ က)အမှုကနေ ပိတ်သိမ်းလိုက်တဲ့ သူတွေထဲမှာ သူမနာမည်ပါမပါမသိရသေးပေမယ့် လွတ်လာမယ့် သူတွေအားလုံးအတွက် အရမ်းကို ပျော်ရွှင်နေရကြောင်းကို ရေးသားဖော်ပြထားပါတယ်။ ချစ်တဲ့ ပရိသတ်တွေကလည်း စွဲဆိုခံထားရတဲ့ အမှုကနေ ပြန်လည်လွတ်မြောက်ဖို့အတွက် ဆုတောင်းပေးပြီး အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်။

Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page

သတင်း အရင်းအမြစ်Source - Thandar Hlaing fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T