ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က ဖြင့် အရေးယူခံထားရသည့် အနုပညာရှင် (၂၄)ဦးနဲ့ လူမှုကွန်ယက်တွင် နာမည်ကြီးလူသိများသူ (၁၀)ဦးတို့အား အမှုပိတ်သိမ်းကြောင်း သတင်းထုတ်ပြန်

//s9.kh1.co/84/844c70cdbdd7085fb4743f0f77fc7a555dba1b62.jpg
နေ့စဉ်သတင်းများ

 ၁၈-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က ဖြင့် အရေးယူခံထားရသည့် အနုပညာရှင် (၂၄)ဦးနဲ့ လူမှုကွန်ယက်တွင် နာမည်ကြီးလူသိများသူ (၁၀)ဦးတို့အား အမှုပိတ်သိမ်းကြောင်း သတင်းထုတ်ပြန်

ဒီနေ့မနက်ခင်းမှာတော့ နိုင်ငံပိုင် သတင်းမီဒီယာကနေ သတင်းတစ်ခုကို ထပ်မံထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit - MRTV
Photo Credit - MRTV

အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဆန္ဒပြစဥ်က ပါဝင်ခဲ့ခြင်း ၊လူမှုကွန်ယက်ကိုအသုံးပြုပြီး လှုံဆော်မှုပြုလုပ်ခဲ့ခြင်းကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က ဖြင့် အရေးယူခံထားရသည့် အနုပညာရှင် (၂၄) ဦးနဲ့ လူမှုကွန်ရက်တွင် လူသိများသူ (၁၀) ဦးတို့အပေါ် အရေးယူထားသည့်အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြည်သူချစ်အနုပညာရှင် ပိုင်တံခွန်၊ အကယ်ဒမီလူမင်း၊ အဆိုတော်ပိုပို၊အကယ်ဒမီပြေတီဦး၊အကယ်ဒမီ အိန္ဒြာကျော်ဇင် အစရှိတဲ့အနုပညာရှင်တွေဟာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့ပြီး ဆန္ဒပြပွဲတွေမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့တာကြောင့်  ၅၀၅ က ဖြင့် အမှုရင်ဆိုင်နေရပြီး ထိန်းသိမ်းခံထားရသည်မှာလည်း လပေါင်းအားဖြင့် အတော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။

ပရိတ်သတ်များအားလုံးကလည်း သူတို့လွတ်မြောက်ဖို့ကို နေ့စဥ်နေ့တိုင်းဆုတောင်းပေးနေကြသလို ဒီတစ်ခေါက်ကြေညာချက်မှာလည်း သူတို့ပါဝင်ဖို့ကို ဆုတောင်းလျက်ရှိပါတယ်။တရားစွဲဆိုခံရသည့်သူများအားလုံးလွှတ်မြောက်ပြီး မိသားစုနဲ့အမြန်ဆုံး ဆုံစည်းခွင့်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T