ဆန္ဒပြမှုကြောင့် တရားစွဲဆိုခံထားရသည့် ၄၃၂၀ ဦးနဲ့ အကျဥ်းထောင်စခန်းအသီးသီးတွင် အကျဥ်းသား/သူ ၁၃၁၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြုသွားမည်ဟု သတင်းထုတ်ပြန်

//s9.kh1.co/11/11d55904e67c66625bc0a3d2660814f863b5a0fa.jpg
နေ့စဉ်သတင်းများ

 ၁၈-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဆန္ဒပြမှုကြောင့် တရားစွဲဆိုခံထားရသည့် ၄၃၂၀ ဦးနဲ့ အကျဥ်းထောင်စခန်းအသီးသီးတွင် အကျဥ်းသား/သူ ၁၃၁၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြုသွားမည်ဟု သတင်းထုတ်ပြန်

ဒီနေ့မနက်မှာတော့ နိုင်ငံပိုင်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ MRTV ကနေ သတင်းတစ်ခုထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit -  MRTV
Photo Credit -  MRTV

သတင်းထုတ်ပြန်ချက်တွင် အကျဥ်းထောင်စခန်းအသီးသီးတွင် အကျဥ်းကျခံနေကြရသော အကျဥ်းသား/အကျဥ်းသူ ၁၃၁၆ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ (၁)ခွဲအရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ထိုပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟု စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လျှော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်းပါရှိပါတယ်။

Photo Credit - MRTV
Photo Credit - MRTV

ထို့အပြင် ဆန္ဒပြမှုများတွင်ပါဝင်ခဲ့ပြီး အရေးယူခံထားရပြီး တရားစွဲဆိုခြင်းခံထားရသည့် (၄၃၂၀)ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းပြီး အမှုမှ လွတ်ပေးမည် ဖြစ်ကြောင်း သိရှိရပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T