အဆိုတော်ရင်ဂိုမှ သားဖြစ်သူ ဟန်ထူးလွင် (ခေါ်) ကျားပေါက် အား အမွေပြတ်စွန့်လွှတ်ကြောင်းကြေညာ

//s9.kh1.co/57/57f04452455d72cc41c42dab032bed748d0d0aa8.jpg
အနုပညာရှင်များ

 ၁၈-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

အဆိုတော်ရင်ဂိုမှ သားဖြစ်သူ ဟန်ထူးလွင် (ခေါ်) ကျားပေါက် အား အမွေပြတ်စွန့်လွှတ်ကြောင်းကြေညာ

ယနေ့အောက်တိုဘာလ ၁၈ ရက်နေ့တွင် အဆိုတော် ရင်ဂိုမှ သားဖြစ်သူ Big Bag အဖွဲ့ဝင် အဆိုတော် ဟန်ထူးလွင် (ခေါ်) ကျားပေါက် ဆရာကျားကို အမွေပြတ် စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာလိုက်ပါတယ်။

Photo - Crd to Original Uploader
Photo - Crd to Original Uploader

အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာစာထဲတွင် သားဖြစ်သူမောင်ဟန်ထူးလွင်သည် မိဘတို့ရဲ့ ဆိုဆုံးမမှုကို နားမထောင်ဘဲ မိမိသဘောဆန္ဒအလျောက်နေအိမ်မှ ထွက်ခွာသွားပါသဖြင့် ယနေ့မှစ သားအဖြစ်မှ အမွေ ပြတ် စွန့်လွှတ်လိုက်ပါကြောင်း နှင့် နောက်နောင် သားဖြစ်သူ ဟန်ထူးလွင်နှင့် ပတ်သတ်သော ကိစ္စအဝဝအား တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်ဟု ဖော်ပြရေးသားထားပါတယ်။

အဆိုတော်ရင်ဂို နှင့် သားဖြစ်သူ ဟန်ထူးလွင်တို့ဟာ အရမ်းကိုဆက်ဆံရေး ကောင်းမွန်ခဲ့ကြတဲ့ သားအဖတွေဖြစ်ခဲ့ကြပြီး ဖျော်ဖြေပွဲတွေမှာလည်း သီချင်းတွေအတူတူ ဆိုဖူးကြပါတယ်။  အဆိုတော် ရင်ဂိုက သားဖြစ်သူနှင့် ပုဂ္ဂိုလ်ရေးအဆင်မပြေမှု သို့မဟုတ် အခြေအနေတချို့ကြောင့် အခုလို အမွေပြတ်စွန့်လွှတ်ရတာ ဖြစ်တယ်လို့ ပရိသတ်တွေက သုံးသပ်ထားကြပါတယ်။

Photo - Crd to Original Uploader
Photo - Crd to Original Uploader
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T