မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဆိုးရွားစွာဖြစ်ပေါ်နေတဲ့ မန်းရွှေစက်‌တော်ဘုရား

//s9.kh1.co/cb/cb977f4fd04167466eab29c49180ed168b040de2.jpg
နေ့စဉ်သတင်းများ

 ၁၈-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

.

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ခဲ့တာကြောင့် မြန်မာနိုင်ငံအတွင်းမှာ မိုးသည်းထန်စွာရွာ သွန်းမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာ (၁၇) ရက်နေ့ကလည်း မကွေးတိုင်း၊ မင်းဘူးမြို့နယ်က မန်းရွှေစက်‌တော်ဘုရားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Photo Credit - Kaung Khant
Photo Credit - Kaung Khant
Photo Credit - Kaung Khant
Photo Credit - Kaung Khant

ဒါ့အပြင် မကွေးမြို့ပေါ် အောင်မေတ္တာရပ်ကွက်၊ အောင်ဇေယျာရပ်ကွက် နှင့် မြင်သာရပ်ကွက်များ အပါအဝင် အခြားရပ်ကွက်များမှာလည်း အောက်တိုဘာလ(၁၆)ရက်နေ့ ညပိုင်းက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့လို့ ညတွင်းချင်း အရေးပေါ် ရွှေ့ပြောင်းခဲ့ကြရပါတယ်။ ယမန်နေ့ ညပိုင်းအချိန်ထိ အောက်စက်တော်ရင်ပြင်ပေါ်ကို အထက် (၃) ပေခွဲကျော်လောက်ထိ ရေတက်နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Kaung Khant
Photo Credit - Kaung Khant
Photo Credit - Kaung Khant
Photo Credit - Kaung Khant

မန်းရွှေစက်‌တော်ဘုရားမှာ ရေကြီးရေလျှံမှုဟာ ယခုနှစ်ကာလအတွင်း(၃) ကြိမ်လောက်ရှိခဲ့ပြီးသြဂုတ်လ (၅) ရက်က (၂) ပေခွဲ၊ စက်တင်ဘာလ (၂၇)ရက်က ၁ ပေခွဲ ထိတက်ခဲ့ပြီး ယခု(၁)ကြိမ် ရေကြီးမှုကတော့ အရင်ကထက် ပိုမိုများပြားခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်တုန်းကလည်း မိုးသည်းထန်စွာရွာသွန်းပြီး အောက်စက်တော်ရာမှာ (၁၄) ပေလောက်အထိ ရေတက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Photo Credit - Kaung Khant
Photo Credit - Kaung Khant
Photo Credit - Kaung Khant
Photo Credit - Kaung Khant

သတင်း အရင်းအမြစ်Source - Kaung Khant

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T