အိမ်ခြေ( ၂၀၀ )အတွက် အခြေခံစားသောက်ကုန်များကို လှူဒါန်းပေးခဲ့တဲ့ ပရဟိမင်းသမီး ခိုင်နှင်းဝေ

//s9.kh1.co/41/41935cdc4d5afbdb49183fd0e3820047edce1b31.jpg
အနုပညာရှင်များ

 ၁၈-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အိမ်ခြေ( ၂၀၀ )အတွက် အခြေခံစားသောက်ကုန်များကို လှူဒါန်းပေးခဲ့တဲ့ ပရဟိမင်းသမီး ခိုင်နှင်းဝေ

ပရဟိတ မင်းသမီးတစ်ဦးဖြစ်တဲ့ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို နေ့စဥ်မပြတ်လုပ်ကိုင်နေသလို အလှုရေစက် လက်နဲ့မကွာလို့ ပြောလို့ရသည်အထိ အမြဲတမ်းဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

ပရဟိတ မင်းသမီးခိုင်နှင်းဝေဟာ ယခုလက်ရှိမှာ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို ထူထောင်ထားတဲ့အပြင် မွေးရာပါရောဂါများပါလာတဲ့ ကလေးလေးများကိုလည်း ဆေးကုသစာရိတ် အကုန်အကျခံကာ ခံစားနေရတဲ့ဝေဒနာများသက်သာလာအောင် ကူညီပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

သူမဟာ ခိုကိုးရာမဲ့ကလေးလေးတွေကိုလည်း မိခင်လိုအရိပ်ရောဖခင်လိုအရိပ်ပါ နွေးထွေးမှုတွေနဲ့ ဂရုစိုက်ပေးနေသလို တစ်ဖက်မှာလည်း မပြေလည်တဲ့ အိမ်ထောင်စုများကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

ဒီတစ်ခေါက်မှာဆိုလည်း ပရဟိတ မင်းသမီးခိုင်နှင်းဝေဟာ မိုးတွေရွာနေပေမဲ့လည်း အလှူမပျက်ချင်တာကြောင့် ကိုယ်တိုင်ကိုယ်ကျ အိမ်ခြေ ၂၀၀ အတွက် အခြေခံစားသောက်ကုန်များဖြစ်တဲ့ ဆန်၊ငါးခြောက်၊အာလူး၊ကြက်သွန်နီ၊ကော်ဖီထုပ်တို့ကို ၇ ရက်သားသမီးအလှူရှင်များနဲ့အတူ လှူဒါန်းခဲ့တယ်လို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

Photo Credit - Khine HninWai's Facebook
Photo Credit - Khine HninWai's Facebook

သတင်း အရင်းအမြစ်Khine Hnin Wai

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T