မဟာဗောဓိမြိုင်ဆရာတော်ကြီးကိုကိုယ်တိုင်ကိုယ်ကျသင်္ကန်း ကပ်လှူခွင့်ရတာကြောင့် ဆရာလေးရဲ့ ဆန္ဒပြည့်ဝပြီလို့ ဆိုလာတဲ့ မေသက်ထားဆွေ

//s9.kh1.co/85/85990e6263f52f5be9bb323385229d3cd9d5e814.jpg
အနုပညာရှင်များ

 ၁၇-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မဟာဗောဓိမြိုင်ဆရာတော်ကြီးကိုကိုယ်တိုင်ကိုယ်ကျ သင်္ကန်းကပ်လှူခွင့်ရတာကြောင့် ဆရာလေးရဲ့ ဆန္ဒပြည့်ဝပြီလို့ ဆိုလာတဲ့ မေသက်ထားဆွေ

မြန်မာတေးသီချင်းများကို အသံချိုချိုလေးနဲ့သီဆိုတတ်ပြီး မြန်မာဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိတဲ့ အဆိုတော်မေသက်ထားဆွေ ကို အားလုံးကြားဖူးမြင်ဖူးနေလိမ့်မယ်ထင်ပါတယ်။

Photo Credit - May Thethtar Swe's Facebook
Photo Credit - May Thethtar Swe's Facebook

သူမဟာ ငယ်စဥ်ကလေးဘဝကတည်းက ဂီတတံခါးလေးများဖွင့်ပါဦး သီချင်းဆိုပြိုင်ပွဲနဲ့ ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင် အဆိုပြိုင်ပွဲကနေတစ်ဆင့် လူသိများလာခဲ့တဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - May Thethtar Swe's Facebook
Photo Credit - May Thethtar Swe's Facebook

သူမဟာ ၂၀၂၁ ခုနှစ်မေလမှာတော့ သာသနာ့ဘောင်ကို မယ်သီလရှင်အဖြစ်နဲ့ဝင်ရောက်ပြီး သီတင်းသုံးနေတာဟာ ယခုဆိုရင် တော်တော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။

Photo Credit - May Thethtar Swe's Facebook
Photo Credit - May Thethtar Swe's Facebook

သူမဟာ ယခု လက်ရှိမှာတော့ ကြုံတောင့်ကြုံရခဲတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့လူသူရှေ့အပူဇော်ခံထွက်တာကို လာရောက်ဖူးမြှော်ခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ လှူဖွယ်ပစ္စည်းများကို ကပ်လှူခွင့်ရခဲ့တာကြောင့်   ဆရာလေးရဲ့ ဆန္ဒပြည့်ဝခဲ့ပြီလို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

Photo Credit - May Thethtar Swe's Facebook
Photo Credit - May Thethtar Swe's Facebook

သတင်း အရင်းအမြစ်May Thethtar Swe

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T