ယခုညမှာ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ခံခဲ့ရတဲ့ ချင်းပြည်နယ် ကလေးမြို့နှင့် ဟားခါးမြို့များ

//s9.kh1.co/1b/1b1eddf2a3a37b4d0f3df01d387e51effacd5b0e.jpg
နေ့စဉ်သတင်းများ

 ၁၆-အောက်-၂၀၂၁ ၁၀pm · လွန်ခဲ့သော ၂ နှစ် က

ပြည်သူများ အားလုံး ဘေးကင်းကြပါစေနော်..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လက်ရှိမှာ မြန်မာနိုင်ငံဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းထိန်းချုပ်ခြင်းကို ခံထားရတာ (၈)လကျော်ခဲ့ပြီဖြစ်ပါတယ်။ဒီ(၈)လအတွင်း ငွေကြေးတန်ဖိုးများကျဆင်းခြင်း ၊ ကုန်ဈေးနှုန်းများထိုးတက်ခြင်း အစရှိတဲ့ စီးပွားရေးပြဿနာများကိုရင်ဆိုင်လာခဲ့ရပါတယ်။

Photo Credit From Google
Photo Credit From Google

ဒါ့အပြင် ဖုန်းလိုင်း များနှင့်အင်တာနက်လိုင်းများဟာလည်း ယခင်ထက်စာရင် သုံးရအဆင်မပြေဖြစ်လာတယ်လို့ပြည်သူများကဆိုပါတယ်။အထူးသဖြင့် Social media တွေဖြစ်တဲ့ Facebook , Instagram , Viber တို့ကို သုံးတဲ့အခါမှာ VPN တစ်ဆင့်ခံပြီး သုံးနေကြရတာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google

အင်တာနက်လိုင်းများလည်း မကြာခဏဆိုသလို ပြတ်တောက်လေ့ရှိရာ ယနေ့ညမှာလည်း ချင်းပြည်နယ် ကလေးမြို့မှာ အင်တာနက်လိုင်းများပြတ်တောက်သွားတယ်လို့ဆိုလာပါတယ်။FIBER အင်တာနက် အပြင် WIFI များ ၊ MPT နှင့် Telenor တို့ကိုပါအသုံးပြုမရတော့ဘူးလို့ နီးစပ်ရာ ပြည်သူများဆီကကြားသိခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိမှာ ဟားခါးမြို့နယ်ကိုပါ အင်တာနက်နှင့်ဖုန်းလိုင်းများဖြတ်တောက်ထားကြောင်းသတင်းထပ်မံရရှိလာခဲ့ပါတယ်။ပြည်သူများအားလုံးဘေးရန်ကင်းရှင်းကြပါစေလို့ဆုတောင်းရင်း ဒီသတင်းကိုဖော်ပြလိုက်ရပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T