"To The Beautiful You(ရင်ခုန်တယ်ချာတိတ်)ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Sulli ကွယ်လွန်ခြင်းနှစ်နှစ်ပြည့် " - Myanmarload

"To The Beautiful You(ရင်ခုန်တယ်ချာတိတ်)ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Sulli ကွယ်လွန်ခြင်းနှစ်နှစ်ပြည့် "

https://s9.kh1.co/06/0664280be3bb20ed3e5bd5477b34e33c863bda7c.jpeg
အနုပညာရှင်များ
 14-Oct-2021 11am · 5 days ago

"To The Beautiful You(ရင်ခုန်တယ်ချာတိတ်)ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Sulli ကွယ်လွန်ခြင်းနှစ်နှစ်ပြည့် "

အပြုံးချိုချိုလေးပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး Sulli လေးကွယ်လွန်ခဲ့တာ ဒီနေ့မှာ ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။သူမကွယ်လွန်သွားတာ နှစ်နှစ်ကြာပြီဖြစ်ပေမဲ့ သူမကိုချစ်တဲ့ ပရိတ်သတ်တွေကတော့ အခုချိန်ထိ သူမရဲ့အပြုံးချိုချိုလေးကို မမေ့နိုင်ကြပဲ Sulli လေး ဘယ်အချိန်ပြန်ရောက်လာမလဲဆိုတာကို စောင့်မျှော်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=362,q=100/05/0501ab4cbaccbaa9f7fb083159ef41fe1c14bef5.jpeg
Photo Credit - Google

Sulli ကို ၁၉၉၄ ခုနှစ် ဧပြီ ၂၉ ရက်မှာမွေးဖွားခဲ့ပြီး သူမဟာ ၂၀၁၉ October 14 ရက် သူမရဲ့နေအိမ်မှာပဲ အဆုံးစီရင်ပြီး ကွယ်လွန်သွားတာဖြစ်ပါတယ်။သူမရဲ့ကွယ်လွန်မှုဟာ သူမကို ချစ်ခင်ကြတဲ့ ပရိတ်သတ်တွေအတွက် တော်တော်လေးကိုဖြေဆည်ရာမရ ဖြစ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=383,q=100/0d/0d62140f96ec02d6d632d76085b935381d087ae3.jpeg
Photo Credit - Google

Sulli ဟာမောင်နှမလေးယောက်ထဲက တစ်ဦးတည်းသော မိန်းကလေးလည်းဖြစ်ပါတယ်။သူမမှာ အစ်ကိုနှစ်ယောက်နဲ့ မောင်လေးတစ်ယောက် ရှိပါတယ်။

Sulli ရဲ့မေမေဟာ သူမကို ငယ်စဥ်ကတည်းကပင် အနုပညာကျောင်းကို ပို့ခဲ့ပါတယ်။

သူမဟာ ကလေးသရုပ်ဆောင်အဖြစ် Babo,Punch lady စတဲ့ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/3d/3d157f01b523195890d5dba93d8b92630800188f.jpeg
Photo Credit - Google

၂၀၀၅ ခုနှစ် SM audition ကို Chingu(Friend......SES)ဆိုတဲ့သီချင်းလေးနဲ့ အရွေးချယ်ခံခဲ့ရပါတယ်။

Sulli ဟာ Trainee ဘဝမှာ Girl Generation အဖွဲ့ဝင် Tiffany, Taeyeon တို့နဲ့အခန်းဖော်အဖြစ် အတူတူနေထိုင်ခဲ့ကြပါတယ်။

၂၀၀၉ ခုနှစ်စက်တင်ဘာ ၅ ရက်နေ့မှာ f(x)အဖွဲ့ဝင်အဖြစ် La-Cha-Ta အမည်ရှိ သီချင်းကို Debut လုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=644,h=429,q=100/2e/2ecf751e33cfc7c20a70372ece353d4cae1dec81.jpg
Photo Credit - Google

၂၀၁၃ ခုနှစ် MRTV 4 မှာလာသွားတဲ့ အလှဆုံးချစ်သူ (ရင်ခုန်တယ် ချာတိတ်) ကားမှာ မင်းသမီးဇာတ်ဆောင်အနေနဲ့ပါဝင်ခဲ့ပါတယ်။သူမဟာ ဒီကားမရိုက်ကူးခင်မှာ သူမရဲ့ကာရိုက်တာအတွက် သူမရဲ့ဆံပင်ရှည်ကြီးကို ဖြတ်ခဲ့ရတာကြောင့်မျက်ရည်ဝဲခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Sulli ဟာ ရင်ခုန်တယ်ချာတိတ်(To The Beautiful You )ဆိုတဲ့ဇာတ်ကားနဲ့ SBS မှပေးတဲ့ New Comer Award ထိုက်ထိုက်တန်တန်ရရှိခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=409,q=100/4a/4a390d3861f0da64e9fa2a5424c1011875b3ba95.jpeg
Photo Credit- Google
https://s9.kh1.co/__image/w=650,h=394,q=100/49/49237146f869bc6fe0328c764e8109cbcbcfd8af.png
Photo Credit - Google

သူမဟာ အသက် ၂၅ နှစ်အရွယ်မှာ မိမိကိုယ်ကို အဆုံးစီရင်ပြီး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သူမဟာ ကွယ်လွန်သွားပေမဲ့လည်း သူမရဲ့ပရိတ်သတ်တွေကို အပြုံးချိုချိုလေးလက်ဆောင်ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/62/623d92db7cb5a9a327fc0774c3949116f2fbc535.jpeg
Photo Credit - Google

ကောင်မလေး အခုချိန်ဆို ကောင်းရာဘုံဘဝမှာ အေးအေးဆေးဆေးရှိနေပြီးပျော်ရွှင်နေလောက်ပါပြီ။

Hsu Ei Khin
Arche

ဆက်စပ်ဆောင်းပါး