ကမ္ဘာ့အဆင့် ဆပ်ကပ်ပြပွဲမှာ မတော်တဆမှုဖြစ်ခဲ့တာကြောင့် လူပုံအလယ်မှာ ကြိုးပေးခံခဲ့ရတဲ့ ဆင်မကြီး

//s9.kh1.co/44/44d38c9c7833684ba615589f51e7ed536fa50edd.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

တိရိစ္ဆာန်တွေနဲ့ လူတွေဆိုတာ တစ်ယောက်အပေါ်တစ်ယောက် အမှီသဟဲပြုပြီးလောကမှာ ကျင်လည်နေကြရတာပါ။ လူအချို့ဟာ တိရိစ္ဆာန်တွေကို ပိုးမွေးသလိုမွေးပြီး သူတို့နဲ့ သူငယ်ချင်းတွေအဖြစ်သတ်မှတ်ကြပေမယ့် လူအချို့ကတော့ ခိုင်းစားဖို့နဲ့ အကျိုးအမြတ်ရဖို့ မွေးမြူကြပါတယ်။ ဒါကလည်း အပြစ်တစ်ခုလို့မဆိုသာပေမယ့် လူတွေလောက်အသိဉာဏ်မရှိတဲ့ တိရိစ္ဆာန်တစ်ကောင်ကို အပြစ်ဖို့ပြီး သတ်ပစ်ဖို့ကြိုးစားတာကတော့ မကောင်းတာအမှန်ပါပဲ။

https://s9.kh1.co/__image/w=600,h=318,q=100/a3/a33ae82b645aeb14cc791ffd214d8f90d606b27e.jpg
https://s9.kh1.co/__image/w=600,h=434,q=100/54/54d138095f56da4ded658e81faf32455924f4d9e.jpg

ဒီအဖြစ်အပျက်လေးကတော့ ဆပ်ကပ်မှာ လိုသလိုစေခိုင်းတာကိုခံနေရတဲ့ ဆင်မကြီးတစ်ကောင်ရဲ့ဆိုးရွားတဲ့ ကံကြမ္မာအကြောင်းပဲဖြစ်ပါတယ်။ Mary ဆိုတာ ၅တန်ခန့်လေးတဲ့ အာရှက ဆင်မကြီးတစ်ကောင်ပါ။ 1916 ခုနှစ်မှာတော့ Kingsport ကမ္ဘာ့ အဆင့် ဆပ်ကပ်ပြပွဲကြီးမှာ ပြသနေနတုန်း သူ့ကို သင်ကြားပေးခဲ့တဲ့ ဆင်ထိန်းကို လူပုံအလည်မှာ သတ်ပစ်လို့ ဆိုပြီး ဆင်မကို ကြိုးမိန့်ပေးကာ သတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=1067,q=100/39/39f2580fb343cc883ef6a9fdcbe81b217414b943.jpg

ယနေ့အချိန်မှတော့ာ အာဖရိက တိုက်တစ်တိုက်ထဲမှာတင် တစ်ရက်ကို ဆင်အကောင်ရေပေါင်း ၁၀၀ ခန့်လောက်ကို နေ့စဉ်သေဆုံးနေကြရပါတယ်။ ဒါကြောင့် ကြာလာရင် ဆင်တွေအကုန် မျိုးတုန်းသွားနိုင်ပါတယ်။ သနားစရာကောင်းလှတဲ့ Mary ဆင်မကြီးလိုမျိုး အဖြစ်ကို နောက်ထပ်တစ်ခါ ဘယ်တော့မှထပ်မဖြစ်ရအောင် လူတွေပဲထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ တစ်ခုခုဆို တိရစ္ဆာန်တွေကို အပြစ်ဖို့တာထက် သိထားရမာတစ်ခုက တိရိစ္ဆာန်ဆိုတာ လူတွေလောက် အသိဉာဏ်မရှိနိုင်ဘူးဆိုတာပါပဲ။

https://s9.kh1.co/__image/w=650,h=318,q=100/6f/6fa2f2616d00979b077b832a6e974c393ea8bd5e.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T