Hospital Playlist အဖွဲ့သားတွေ ပျော်ရွှင်စွာပါဝင်ရိုက်ကူးထားကြတဲ့ Variety Show

//s9.kh1.co/2e/2e2dea01511c3130ef4164ed23d71b56cc952d4f.jpg
ဖျော်ဖြေရေးများ

 ၃၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

poster ကြည့်ရတာနဲ့တောင် ပျော်စရာကြီး..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

Hospital Playlist ဆိုတာနဲ့ လူ့သဘာဝအကြောင်း၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းထည့်သွင်းပုံဖော်ထားတဲ့ ရသစုံ ဇာတ်လမ်းတွဲဆိုတာ အားလုံးသိကြမှာပါ။လူ့လောက၊လူ့သဘာဝအတိုင်းဖြစ်လေ့ဖြစ်ထရှိတတ်တဲ့အကြောင်းအရာတွေကို အကောင်းမြင်စိတ်နဲ့ဖြတ်သန်းနိုင်အောင်ပညာပေးရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။

Photo Credit From Hospital Playlist
Photo Credit From Hospital Playlist
Photo Credit From Hospital Playlist
Photo Credit From Hospital Playlist

ဒီဇာတ်လမ်းလေးဟာ စက်တင်ဘာ(၁၆)ရက်နေ့မှာ ဇာတ်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်။ပရိတ်သတ်များအားလုံးကလည်း နှမြောတသဖြစ်နေကြတဲ့အပြင် နောက်ထပ် Season အသစ်ထပ်ရိုက်ဖို့တောင်းဆိုနေကြပါတယ်။

Photo Credit From Hospital Playlist
Photo Credit From Hospital Playlist
Photo Credit From Hospital Playlist
Photo Credit From Hospital Playlist

ယခုအခါမှာတော့ Hospital Playlist အဖွဲ့သားတွေဟာ Variety Show တစ်ခုကိုရိုက်ကူးနေတယ်လို့ကြားသိရပါတယ်။Variety Show ကိုတော့ Wise Mountain Village Life (other title: Mountain Village Life Playlist) လို့ အမည်ပေးထားတာဖြစ်ပါတယ်။ ဒီ Variety Show ကို အောက်တိုဘာ(၈)ရက်နေ့မှာစတင်ပြသတော့မှာဖြစ်ပါတယ်။ယနေ့ စက်တင်ဘာ(၃၀)ရက်နေ့မှာတော့ Variety Show ရဲ့Official Poster လေးထွက်ရှိလာခဲ့ပါပြီ။သူငယ်ချင်း (၅) ယောက် တောထဲတောင်ထဲမှာ ဘယ်လိုတွေ ပျော်စရာတွေဖန်တီးကြမလဲဆိုတာ ပရိတ်သတ်ကြီးလည်းစောင့်မျှော်ပေးကြပါဦးနော်။

Photo Credit From Hospital Playlist
Photo Credit From Hospital Playlist
Photo Credit From Hospital Playlist
Photo Credit From Hospital Playlist
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T