သူမရဲ့ဂေဟာဆီ လာရောက်လှူဒါန်းထားတဲ့ ထမင်းဗူးတွေကို လမ်းသွားလမ်းလာပြည်သူတွေအား ပြန်လည်လှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/7c/7cec79fae20680f0e9670107ce2945d69586c853.jpg
အနုပညာရှင်များ

 ၃၀-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

သူမရဲ့ဂေဟာဆီ လာရောက်လှူဒါန်းထားတဲ့ ထမင်းဗူးတွေကို လမ်းသွားလမ်းလာပြည်သူတွေအား ပြန်လည်လှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေ

စီးပွားရေးအဆင်မပြေဖြစ်နေတဲ့ ယခုလိုကာလကြီးမှာ ​အခြေခံပြည်သူတွေဟာ စားဝတ်နေရေးပြဿနာကိုတောင် အနိုင်နိုင် ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ပရဟိတသမားတွေကလည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေကို ကူညီပေးလျက် ရှိနေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် ခိုင်နှင်းဝေတစ်ယောက်ဟာလည်း အခြေခံပြည်သူတွေကို  စားသောက်ကုန်လှူဒါန်းတာတွေ ပြုလုပ်ပေးနေသလို မိဘမဲ့ကလေးငယ်လေးတွေကိုလည်း မွေးစားပေးနေသူဖြစ်ပါတယ်။

Photo Credit: khine hnin wai 's facebook page 

စက်တင်ဘာလ (၂၉)ရက်နေ့ မနေ့ကတော့ သရုပ်ဆောင်ခိုင်နှင်းဝေဟာ ဝမ်းရေးအတွက် သွားလာလှုပ်ရှားနေကြတဲ့ လမ်းသွားလမ်းလာပြည်သူတွေကို ထမင်းဗူးတွေ အလကားပေးလှူနေခဲ့ပါတယ်။ ပြည်သူတွေကို တတ်နိုင်သလောက် ကူညီပေးနေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ သူမရဲ့ ဂေဟာဆီ လာရောက်လှူဒါန်းထားတဲ့ ထမင်းဗူး(၁၅၀)ကို ယခုလို​အခြေခံပြည်သူတွေဆီ ပြန်လည်လှူဒါန်းနေခဲ့တာပဲ ဖြစ်ပါတယ်။ ဝမ်းသာပီတိဖြစ်စရာကောင်းတဲ့ အဆိုပါအလှူလေးအတွက် ပြည်သူတွေက သာဓုခေါ်ဆိုနေကြပါတယ်။

Photo Credit: khine hnin wai 's facebook page 
Photo Credit: khine hnin wai 's facebook page 
Photo Credit: khine hnin wai 's facebook page 
Photo Credit: khine hnin wai 's facebook page 
Photo Credit: khine hnin wai 's facebook page 
Photo Credit: khine hnin wai 's facebook page 

ခိုင်နှင်းဝေကတော့ မွေးနေ့အလှူလေးအတွက် ဂေဟာမှာ လာရောက်လှူဒါန်းထားတဲ့ ထမင်းဗူး (၁၅၀) စာကို ပြန်လည် ဝေမျှကျွေးမွေးလှူဒါန်းခဲ့ကြောင်း၊ မွေးနေ့ရှင်ကြီးလည်း ဒါနမြောက်လို့ ပီတိကုသိုလ်ရရှိပါစေကြောင်း၊ မြင်သူ ကြားသူများလည်း ထပ်တူ သာဓု ခေါ်ဆိုနိုင်ကြပါစေကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသား​ပြောဆိုထားခဲ့ပါတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ ပြည်သူတွေကို ထမင်းဗူးတွေ ကိုယ်တိုင်သွားရောက် လှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : khine hnin wai 's facebook page 

Photo Credit: khine hnin wai 's facebook page 
Photo Credit: khine hnin wai 's facebook page 
Photo Credit: khine hnin wai 's facebook page 
Photo Credit: khine hnin wai 's facebook page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T