မြန်မာလုပ်သားတစ်ဦးကို အလုပ်ရှင်က လမ်းဘေးမှာစွန့်ပစ်ခဲ့လို့ စေတနာထားပြီး ကူညီပေးခဲ့တဲ့ ထိုင်းအမျိုးသမီးတစ်ဦးရဲ့ဗီဒီယို

//s9.kh1.co/9b/9ba202c408b748e8b0708931b696476ee9041052.jpeg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာလုပ်သားတစ်ဦးကို အလုပ်ရှင်က လမ်းဘေးမှာစွန့်ပစ်ခဲ့လို့ စေတနာထားပြီး ကူညီပေးခဲ့တဲ့ ထိုင်းအမျိုးသမီးတစ်ဦးရဲ့ဗီဒီယို

လတ်တလောအခြေအနေမှာ မြန်မာလုပ်သားတချို့ကတော့ ထိုင်းနိုင်ငံတွင်းသို့ ခိုးဝင်ကြပြီး စားဝတ်နေရေးအတွက် အလုပ်တစ်ခုရဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။တချို့တွေလည်း နယ်စပ်တွေမှာ ပွဲစားတချို့ကိုငွေပေးပြီး ဖြတ်ကျော်ကြပေမယ့် လှည့်ကင်းတွေနဲ့တွေ့တဲ့အခါ ဖမ်းဆီးခံလိုက်ရတာတွေရှိပါတယ်။မြန်မာလုပ်သားတွေလည်း ပိုက်ဆံကုန်တဲ့အပြင် အချုပ်ထဲမှာလည်း ခဏနေခဲ့ရပြီး နေရပ်သို့ပြန်ပို့ခံရတာဖြစ်ပါတယ်။

Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot

ထိုင်းနိုင်ငံတွင်းမှာ လက်ရှိအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း စားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်းလုပ်ကိုင်စားသောက်နေကြတာဖြစ်ပါတယ်။အဲ့ဒီလိုလုပ်ကိုင်နေရပေမယ့် တချို့သူဌေးတွေ၊အလုပ်သမားခေါင်းတွေရဲ့ ခေါင်းပုံဖြတ်မှုကိုလည်းခံစားနေရတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း မြန်မာလုပ်သားတစ်ဦးကိုအလုပ်ရှင်တစ်ဦးက လမ်းဘေးမှာစွန့်ပစ်ထားတဲ့ဖြစ်ရပ်တစ်ခု ထိုင်းနိုင်ငံတွင်းမှာ ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot

စမုဆာခွန်ခရိုင်ကနေ အလုပ်ရှင်က အလုပ်မရှိတာကြောင့် မြန်မာတစ်ဦးကို မဟာချိုင်ထဲမှာပင် စွန့်ပစ်ထားတယ်လို့သိရပါတယ်။လမ်းဘေးဖြစ်တာကြောင့် မီးမရှိ၊ရေမရှိတဲ့အပြင် အဲ့ဒီနေရာက လမ်းဘေးဆိုင်လေးထဲမှာနေထိုင်နေရတာဖြစ်ပါတယ်။အဲ့ဒီအမျိုးသားလည်း လမ်းဘေးမှာပဲနေထိုင်နေရတာ ၄ရက်၊၅ရက်လောက်ရှိနေပြီလို့ ကူညီပေးတဲ့ထိုင်းအမျိုးသမီးရဲ့ပြောချက်အရ သိရကြောင်းကို ဗီဒီယိုင်ဖိုင်နဲ့တကွ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot

Source&Video Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T