မနက်စောစောစီးစီးမှာပဲ မြေပြင်ကအဖွဲ့ဆိုသူတွေဆီကနေ အဆဲခံရလိုက်ရတာကြောင့် သူမအပေါ် အမြင်ရှင်းသွားအောင် ဖြေရှင်းလိုက်တဲ့ပန်ဆယ်လို

//s9.kh1.co/40/40bc7a01d0f340100eb4009e55e14f82ed145fa9.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မနက်စောစောစီးစီးမှာပဲ မြေပြင်ကအဖွဲ့ဆိုသူတွေဆီကနေ အဆဲခံရလိုက်ရတာကြောင့် သူမအပေါ် အမြင်ရှင်းသွားအောင် ဖြေရှင်းလိုက်တဲ့ပန်ဆယ်လို

ပန်ဆယ်လိုကတော့ ပြည်ပကိုရောက်ရှိသွားပေမယ့်လည်း နွေဦးတော်လှန်ရေးမှာ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီနေတာ ဖြစ်ပါတယ် ။ မြေပြင်က ရဲဘော်တွေကို ထောက်ပံ့ဖို့အတွက် အလှူငွေတွေကိုတာဝန်ယူကောက်ခံပြီး ကူညီပေးနေရတဲ့ ပန်ဆယ်လိုက အခုတော့ သူမအနေနဲ့ အဆဲခံလိုက်ရတဲ့အကြောင်း ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ အဆဲခံရတာ အဆန်းမဟုတ်တော့ပေမယ့် ဒီတစ််ခါ မနက်စောစောစီးစီး အဆဲခံလိုက်ရတဲ့ကိစ္စက သူမအတွက်တော့ အဆန်းဖြစ်နေကြောင်း ပန်ဆယ်လိုက ပြောထားတာ ဖြစ်ပါတယ် ။

Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc

ပန်ဆယ်လိုက "မြေပြင်က အဖွဲ့ဆိုသူတွေက သူတို့ကို မပေးရကောင်းလားဆိုပြီး ဆဲတာ" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒီရက်ပိုင်းမှာ ပန်ဆယ်လိုက California ရန်ပုံငွေရှာဖွေရေး ခရီးထွက်မှာဖြစ်တာကြောင့် Online ပေါ်က နည်းနည်းပျောက်မယ်ဆိုပြီး စာကြိုရေးခဲ့ကြောင်း၊ မြေပြင်အဖွဲ့တွေ စိစစ်တဲ့ကိစ္စတွေကို ခရီးပြန်ရောက်မှ လုပ်နိုင်မှာဖြစ်ကြောင်း၊ ဒါပေမဲ့ အတည်ပြုပြီးသားအဖွဲ့တွေကို လွှဲစရာရှိတာ လွှဲပြီး ကူညီနေကြောင်း စသည်ဖြင့် ရှင်းလင်းပြောပြထားတာ ဖြစ်ပါတယ်။

Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc

ဒါကြောင့် ပန်ဆယ်လိုက သူမအနေနဲ့အတည်မပြုရသေးတဲ့ အဖွဲ့အသစ်တွေကိုတော့ ခရီးလမ်းမှာ မစိစစ်နိုင်သေးကြောင်း သိရပါတယ် ။ ရရှိတဲ့ကူညီငွေနဲ့ ကူရမယ့်အဖွဲ့အရေအတွက်ကို ချိန်နေရတာကြောင့် အချက်အလက်တွေမှန်နေရင်တောင် အချိန်စောင့်ပေးဖို့လိုအပ်ကြောင်း၊ အခုလာပြော အခုငွေပို့ဆိုတာမျိုး ဖိအားမပေးစေချင်ကြောင်း ပန်ဆယ်လိုက ပြောထားပါသေးတယ်။ သူမအနေနဲ့လည်း လုပ်နိုင်သမျှ အစွမ်းကုန်အားထုတ်ပြီး လုပ်နေတာကြောင့် တစ်ယောက်နဲ့တစ်ယောက် သွေးကွဲစကားတွေ မပြောဘဲ ခဏလောက်ဖြစ်ဖြစ် စည်းလုံးကြဖို့ တောင်းဆိုထားတာလည်း တွေ့ရပါတယ်။ အခုလိုပြောပြရတာကလည်း စိတ်မကောင်းဖြစ်လို့ မဟုတ်ဘဲ စိတ်ဝမ်းကွဲမှာစိုးတာကြောင့် အမြင်ရှင်းလင်းစေဖို့ရည်ရွယ်ပြီး ရေးသားရတာဖြစ်ကြောင်း ပန်ဆယ်လိုက ဖြေရှင်းခဲ့တာ ဖြစ်ပါတယ် ။

Source & Photo Credit-ပန်ဆယ်လို's FB Acc

Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T