ထိုးစစ်ဆင်လာတဲ့ စစ်ယာဥ်တန်း (၄၀)ကျော်ကို ဖယ်ခုံဘက်သို့တိုးမလာရဲအောင် အဆက်မပြတ်တိုက်ခိုက်ပြခဲ့တဲ့ ဖယ်ခုံPDF တွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/12/12dcccfec15a74dbe0c8fd9b08c1e8dbd1a8bb52.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ထိုးစစ်ဆင်လာတဲ့ စစ်ယာဥ်တန်း (၄၀)ကျော်ကို ဖယ်ခုံဘက်သို့တိုးမလာရဲအောင် အဆက်မပြတ်တိုက်ခိုက်ပြခဲ့တဲ့ ဖယ်ခုံPDF တွေရဲ့ဗီဒီယိုဖိုင်

ကယားပြည်နယ်မှာတော့ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်မှုတွေကြောင့် တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။ ရှမ်းပြည်နယ် - ကယားပြည်နယ်ဖြစ်တဲ့ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမောဆိုဒေသတွေကို အင်အားတိုးချဲ့ဝင်ရောက်လာတာကြောင့် ပြီးခဲ့တဲ့စက်တင်ဘာလ (၂၇) ရက်နေ့မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မနက် (၁၀)နာရီ(၃၀)ဝန်းကျင် အချိန်ကစပြီး ပင်လောင်းဘက်ကနေ ဖယ်ခုံဘက်ကို မောင်းနှင်လာတဲ့ စစ်ယာဥ်တန်း(၄၀)ကျော် ခန့်မှန်းအင်အား (၃၀၀)ခန့်တို့နဲ့ ဖယ်ခုံ PDF၊ KNDF တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-PDF PeKhon's FB Page
Photo Credit-PDF PeKhon's FB Page
Photo Credit-PDF PeKhon's FB Page
Photo Credit-PDF PeKhon's FB Page

ဖယ်ခုံမြို့၊ကုန်းဆုံကျေးရွာနဲ့ ကသဲကျေးရွာ အနီး ပင်လောင်း-ဖယ်ခုံလမ်းမပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ မနက် (၁၀း၃၀) အချိန်ကနေ ညနေ (၄) နာရီအချိန်အထိ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ် ။ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်ကတော့ ညနေ (၄)နာရီအချိန်အထိ ဖယ်ခုံဘက်သို့ တိုးမလာရဲဘဲ လက်နက်ကြီးတွေနဲ့သာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-PDF PeKhon's FB Page
Photo Credit-PDF PeKhon's FB Page
Photo Credit-PDF PeKhon's FB Page
Photo Credit-PDF PeKhon's FB Page
Photo Credit-PDF PeKhon's FB Page
Photo Credit-PDF PeKhon's FB Page

ဒီတိုက်ပွဲမှာ ဖယ်ခုံ PDF တို့ဘက်က ထိခိုက်မှုတစ်စုံတစ်ရာ မရရှိခဲ့ပေမယ့် တစ်ဖက်အဖွဲ့မှာတော့ ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တိုက်ပွဲအတွင်း အသက် (၂၀) ကျော် အမျိုးသမီးတစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နဲ့ အသက် (၄၀)ခန့် အမျိုးသားတစ်ဦး ပေါင်လက်နက်ကြီးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ကားတစ်စီးလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ် ။ ဖယ်ခုံနဲ့ မိုးဗြဲကြားခေါင်းမိုင်းရွာအနီးမှာလည်း မနေ့ကအထိ တိုက်ပွဲတွေပြင်းထန်နေကြောင်း သိရှိရပါတယ်။

Source & Video Credit-PDF PeKhon's FB Page

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T