ကိုယ်ပိုင်ခံယူချက်တွေကို လက်သီးလက်မောင်းတန်းကာ ဟစ်ကြွေးရင်း ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မန္တလေးက သပိတ်စစ်ကြောင်းပုံရိပ်တွေ

//s9.kh1.co/a6/a60a9679e1def83f6dfa9c09ceea6015362e0c67.png
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

အာဏာသိမ်းမှုဖြစ်စဉ်ဟာ (၈) လ ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပြီး ပြည်သူအများဟာလည်း သွေးအေးမသွားဘဲ တော်လှန်ရေးကိစ္စရပ်တွေမှာ အရင်ကထက်ပိုပြီး တက်ကြွစွာ ပါဝင်လာခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး ဖိနှိပ်မှုတွေရှိနေပေမယ့်လည်း ပြောက်ကျားစနစ်နဲ့ ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ပြီး အချိန်မီလူစုခွဲကာ ကိုယ်ပိုင်ဆန္ဒကို ရတဲ့နည်းနဲ့ ထုတ်ဖော်ခဲ့ကြပါတယ်။ ဒီနေ့မှာလည်း မန္တလေးက သပိတ်စစ်ကြောင်းပုံရိပ်တွေဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပြီး အမြို့မြို့အနယ်နယ်က ပြည်သူတွေဟာလည်း မန္တလေးနဲ့ တစ်သားတည်းရှိကြောင်း မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc

တော်လှန်ရေးလုပ်ငန်းစဉ်တွေဟာ အရင်ကထက်ပိုပြင်းထန်လာခဲ့ပြီး PDF တွေဟာလည်း နေရာအနှံ့ကနေ ပြောက်ကျားစနစ်နဲ့တိုက်ခိုက်နေကြပါတယ်။ မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေတွေမှာ ပြည်သူတွေလည်း အထိတ်တလန့်ရှိနေခဲ့ကြပြီး လုပ်ကိုင်စားသောက်ဖို့လည်း အတော်လေးကိုခက်ခဲလွန်းနေပါတယ်။ စားဝတ်နေရေးကျပ်တည်းမှုကြောင့် ဒုစရိုက်မှုတွေလည်း ပိုမိုများပြားလာခဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြားက ပြည်သူတွေရဲ့ အသက်အိုးအိမ်ဟာလည်း အတော်လေးကိုစိုးရိမ်ဖွယ်ဖြစ်နေခဲ့တာပါ။

Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc

ပြည်သူအများစုဟာလည်း ကိုယ်ပိုင်လုပ်ငန်းတွေမလည်ပတ်နိုင်တဲ့အချိန်မှာ စားဝတ်နေရေး အဆင်မပြေတော့တာကြောင့် အတော်လေးကိုကျပ်တည်းနေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ လူတန်းစားပေါင်းစုံဟာ စီးပွားရေးကျပ်တည်းမှုနဲ့ ကြုံတွေ့နေရပြီး ပြည်တွင်းမှာ အတော်လေးကိုခက်ခဲတဲ့အခြေအတွေနဲ့ရင်ဆိုင်နေရတာမို့ အာဏာရှင်ကို တော်လှန်ဖို့သာ ဦးတည်ပြီး အခုလိုဆန္ဒပြပွဲတွေမှာ ပါဝင်လာခဲ့ကြတာပဲဖြစ်ပါတယ်။

Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc
Photo Credit - Simulation's FB Acc

သတင်း အရင်းအမြစ်Simulation's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T