အရမ်းလှတဲ့ရှုခင်းကြောင့် တစ်ခါလောက်တော့ သွားရောက်လည်ပတ်သင်တဲ့ Hitachi ပန်းခြံ

//s9.kh1.co/73/73b7bf69884466696374344d540fe2b274c5666a.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဂျပန်နိုင်ငံ၊ Hitachinaka မြို့ မှာရှိတဲ့ Hitachi ပန်းခြံဟာ ကမ္ဘာပေါ်က အလှပဆုံးပန်းခြံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ပန်းခြံကြီးတစ်ခုပဲ ဖြစ်ပါတယ်။

ဒီပန်းခြံကြီးထဲမှာ ဧပြီလဆိုရင် nemophilas သို့မဟုတ် baby blue eyes လို့ခေါ်တဲ့ အပြာရောင်ပန်းတွေ ဖူးပွင့်ကြတာကြောင့် ပန်းခြံကြီးတစ်ခုလုံးဟာ အပြာရောင်သန်းသွားပြီး မြင်တွေ့ရတဲ့ ရှုခင်းကလည်း အရမ်းကိုလှပပါတယ်...

https://s9.kh1.co/__image/w=600,h=316,q=100/3d/3db08445213cebd32b6d4d9660b3766a70b6b9dd.jpg
https://s9.kh1.co/__image/w=600,h=400,q=100/10/10b95d69170f5410f7391e5e9241a18ef4e09d75.jpg

ဒီ Hitachi ပန်းခြံထဲမှာ တစ်နှစ်တာ ပတ်လုံး ပန်းအမျိုးအစား စုံစုံလင်လင် ဖူးပွင့်လေ့ရှိပါတယ်။ ပန်းပင် အမျိုးအနွယ် စုစုပေါင်း ၆၀၀ ကျော်လောက် စိုက်ပျိုးထားသလို နှင်းပန်းပင်တွေလည်း သန်းချီ စိုက်ထားပါသေးတယ်။

အပြာရောင်ပန်းပွင့်လေးတွေ ပွင့်တဲ့ baby blue eyes တွေကိုလည်း သိန်းနဲ့ချီ စိုက်ပျိုးထားတယ်လို့ သိရပါတယ်...

https://s9.kh1.co/__image/w=600,h=397,q=100/ab/abf8ad2a5da7ed9b048e75be60ff85f20ce1427c.jpg
https://s9.kh1.co/__image/w=600,h=400,q=100/b4/b44ba1bc880d5f6e802a51eaa649b3a7ed37a6b2.jpg

ဧပြီလရောက်တိုင်း အပြာရောင် ပန်ချီကားကြီးတစ်ချပ်လိုဖြစ်နေတဲ့ ဒီပန်းခြံကြီးထဲကို နှစ်စဉ်လာရောက်လည်ပတ်သူတွေကလည်း တော်တော်လေးကိုများပြားပါတယ်။

ဒါ့အပြင် ဒီပန်းခြံကြီးဟာ အင်တာနက်ပေါ်မှာလည်း အရမ်းကျော်ကြားသလို Hitachinka မြို့ကိုရောက်ရင် မဖြစ်မနေသွားရောက်လည်ပတ်သင်တဲ့ နေရာတစ်ခုပါပဲ။

https://s9.kh1.co/__image/w=600,h=329,q=100/07/07bfa63b0c2ebb3fa90a69fe5ef154991290777c.jpg
https://s9.kh1.co/__image/w=600,h=399,q=100/f5/f570e4c962f0d4e6f5901b2add53ec43eec098f2.jpg

သတင်း အရင်းအမြစ်Matcha

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T