လူတစ်ယောက်ကို ချစ်မိခဲ့လို့ ၂၅ နှစ်လုံးလုံး မိခင်ဖြစ်သူရဲ့ ပိတ်လှောင်ထားခြင်းကို ခံခဲ့ရတဲ့ အမျိုးသမီး

//s9.kh1.co/e6/e686a941516c653e010d135794a6735576420ea7.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်က ပြင်သစ်မှာ ဖြစ်ပျက်ခဲ့တဲ့ သနားစရာ ဖြစ်ရပ်လေးတစ်ခု ကိုဖော်ပြပေးချင်ပါတယ်။ ဒီဖြစ်ရပ်လေးဟာ အချိန်တော်တော်ကြာတဲ့ အထိ လူတွေရဲ့ ပါးစပ်ဖျားမှာ အမြဲပြောစမှတ်တွင်ခဲ့စေတဲ့ ဖြစ်ရပ်လေးတစ်ခု ဖြစ်ပါတယ်။ အကြောင်းတွေရဲ့ အစကတော့ ၁၉၀၁ခုနှစ်က ရဲစခန်းတစ်ခုကို အမည်မပါ လက်မှတ်မပါတဲ့ စာတစ်စောင်း ရောက်ရှိလာခဲ့ပါတယ်။ စာကတော့ မြို့ထဲက နာမည်ကျော်ကြားတဲ့ မိသားစုတစ်စုမှာ လူသိမခံတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်ဆိုပြီး ရေးထားတာဖြစ်ပါတယ်။ အဲ့တာနဲ့ရဲဟာ ရဲအလုပ်ပီသစွာ Madam Monnier ဆိုသူဆိသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/4e/4edba0aa77f088e2436c7f7b9f5b1e3155d2d259.jpg
https://s9.kh1.co/__image/w=650,h=918,q=100/d1/d17fa77fda85a8e7a519d7bc9030eb9e537f16d9.jpg

သူမဟာ ပရဟိတအလုပ်များကြောင့် Parisian အဆင့်မြင့်လူ့အဖွဲ့အစည်းတွင်လူသိများပြီး နာမည်ကျော်ကြားတဲ့သူဖြစ်ပါတယ်။ သူမမှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရှိပါတယ်။ သားဖြစ်သူ Marcel က လေးစားစရာ ရှေ့နေတစ်ဦး ဖြစ်ပြီး သမီးဖြစ်သူ Blanche Monnier ကိုတော့ မမြင်ရတာ ၂၅‌နှစ်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ရဲတွေကလည်း သူမအိမ်ကိုရှာဖွေခဲ့ရာ အသေပိတ်ထားတဲ့တံခါးကို တွေ့ရှိခဲ့ပါတယ်။ ရဲတွေအားအသုံးပြုပြီး ၀င်လိုက်တဲ့အချိန်မှာ အ၀တ်မပါပဲ ပိန်ကပ်နေတဲ့ Blanche Monnier ကိုတွေ့ရှိခဲ့ကြပါတယ်။ အခန်းဟာ တစ်မိနစ်တောင်မနေနိုင်တဲ့ အနံတွေဆိုးရွာစွာထွက်နေခဲ့ပါတယ်။ ‌သူမကတော့ အဲ့အခန်းထဲမှာ ၂၅နှစ်လောက် နေရောင်မမြင်ပဲနေခဲ့ရတာပါ။ အဲ့နောက် သူမအမေနဲ့ အစ်ကိုကို ဖမ်းဆီးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/3b/3b101f39a372e8e1420386a4ab7d871815ec9d5c.jpg
https://s9.kh1.co/__image/w=650,h=343,q=100/c5/c58d7a25c1965323cee102d164e768b0d541dd72.jpg

သူမအမေအဲ့လိုပိတ်ထားရတဲ့ အကြောင်းကတော့ သူမဟာ ဥပဒေ တရားရေး ဝန်ထမ်း တစ်ဦးနှင့် ချစ်ကြိုက်‌ခဲ့ပါတယ်။ ဒါပေမယ့် ဆင်းရဲပြီး သူမထက်အသက်ကြီးတဲ့အတွက် အမေဖြစ်သူက ချမ်းသာတဲ့သူနဲ့ပဲ ယူရမယ်လို့ ပြောဆိုခဲ့တဲ့အခါ သူမဟာ သဘောမတူခဲ့တာကြောင့် ခုလိုပိတ်ထားလိုက်ရတာဖြစ်ပါတယ်။ သူမကိုပြန်တွေ့တဲ့ အချိန်မှာ အလွန် ပိန်လှီနေပြီး သူမဆေးရုံ‌းရောက်ချိန်မှာ အလေးချိန်က ၅၅ ပေါင်ပဲရှိပါတယ်။ ဒီကိစ္စနဲ့ သူမ အမေလည်း ထောင်ကျခဲ့ပြီး ၁၅ နှစ်အကြာမှာတော့ ထောင်ထဲမှာပဲ ကွယ်လွန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/43/437f4c12c348cacd3755757266497f88ed6a85b9.jpg
https://s9.kh1.co/__image/w=583,h=755,q=100/1a/1a3627f19c27311bec3a2064aef0961ee1bf0915.jpg
https://s9.kh1.co/__image/w=600,h=370,q=100/41/41ecacaed9c307d9a36b1784e61c84a175524ae3.jpg

သတင်း အရင်းအမြစ်allthatsinteresting

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T