တာလီဘန်တွေရဲ့ ဖိန‌ှိပ်မှုကို ဆန့်ကျင်ပြီး သေနတ်ပစ်ခံခဲ့ရပေမယ့် နိုဘယ်ဆုရှင်ဖြစ်လာသူ Malala

//s9.kh1.co/fb/fb124afc69db5e7dfd7f11ad9147e55ca5c994ed.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

Malala Yousafzai ဟာပါကစ္စတန်မှာ တာလီဘန်များကို ဆန့်ကျင်ပြီး မိန်းကလေးငယ်များအား ပညာသင်ကြားခွင့်ပေးရန် တောင်းဆိုခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူမပြောတဲ့ သူမအကြောင်းကို ပရိသတ်ကြီးအတွက် အောက်မှာ ဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/de/dee09bf864378a342ac617804a75fb77f26e62fb.jpg

၁၉၉၇

၁၉၉၇ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့က ပါကစ္စတန်နိုင်ငံ Mingora မှာ သူမကို မွေးဖွားခဲ့ပါတယ်။ ပါကစ္စတန်မှာတော့ မိန်းကလေးတစ်ယောက်မွေးဖွားလာတဲ့အတွက် ကြိုဆိုလေ့မရှိကြပါဘူး။ ဒါပေမယ့် သူမအဖေ Ziauddin Yousafzai ကတော့ သူမကို ယောက်ျားလေးတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတိုင်း ရအောင်ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=241,h=306,q=100/ca/ca63bb2c92591c3ef2ddb1680af42fd1ec7fe00e.jpg

၂၀၀၈

သူမအဖေဟာ ကျောင်းဆရာတစ်ဦးဖြစ်ပြီး သူတို့ရွာမှာ မိန်းကလေးကျောင်းဖွင့်ထားပါတယ်။ ရွာလေးဟာ သာယာလှပခဲ့ပေမယ့် တာလီဘန်တွေ အုပ်ချုပ်သ‌ွားတဲ့အချိန်မှာတော့ အရာရာပြောင်းလဲခဲ့ပါတယ်။ တာလီဘန်တွေဆိုတဲ့အတိုင်း သူတို့ဟာ အရာတော်တော်များများကို ပိတ်ပင်ခဲ့ပြီး မိန်းကလေးတွေဟာ ကျောင်းမသွားရဘူးဆိုပြီး ပြောခဲ့ပါတယ်။ ၂၀၀၈ခုနှစ် ဇန်နဝါရီလ သူမအသက် ၁၁ နှစ်မှာ အတန်းဖော်တွေကို ဘယ်ချိန်မှာပြန်တွေ့ရမယ် မသိပဲ နှုတ်ဆက်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=496,h=744,q=100/1e/1e76738a3ad925ff56e7cea2695246ee9a3a9992.jpg

၂၀၁၂

သူမအနေနဲ့ မိန်းကလေးတွေကိုယ်စား သင်ယူခွင့်ကို လူသိရှင်ကြားပြောခဲ့မိတာကြောင့် အဲ့အချက်က သူမကို တာလီဘန်တွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်စေခဲ့ပါတယ်။ ၂၀၁၂ခုနှစ် အောက်တိုဘာလမှာ ကျောင်းကနေအိမ်ပြန်လာချိန် မျက်နှာဖုံးတပ်ထားတဲ့ သေနတ်သမားတစ်ယေ‌ာက်ဟာ ကျောင်းကားပေါ်တက်လာပြီး " Malala ကဘယ်သူလဲ " ဆိုပြီးမေးခဲ့ပါတယ်။ အဲ့လူဟာ သူမရဲ့ ခေါင်းဘယ်ဘက်ကို ပစ်ခဲ့ပါတယ်။ ၁၀ရက်ကြာပြီးနောက် သူမဟာ အင်္ဂလန်၊ Birmingham ရှိဆေးရုံတစ်ခုမှာ နိုးလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=421,q=100/4f/4f01881ce19d7b94601948b2ca85027d1c7434e2.jpg
https://s9.kh1.co/__image/w=650,h=465,q=100/f9/f95ba6df96b9c7d253b01885444c792884ea5220.jpg

၂၀၁၄

ခွဲစိတ်မှုများနဲ့ ပြန်လည်ထူထောင်ရေးများ ပြုလုပ်ပြီး လပေါင်းများစွာ ကြာပြီးနောက်မှာ သူမဟာ U.K မှာရှိတ‌ဲ့ မိသားစုအသစ်နဲ့အတူ နေထိုင်ခဲ့ပါတယ်။ ဘ၀အသစ်မှာ သူမအနေနဲ့ ငြိမ်ချမ်းစွာ နေထိုင်နိုင်သလို အရင်က သူမပြုလုပ်ခဲ့တာတွေကို ခုဘ၀သစ်မှာ ပိုမိုလုပ်နိုင်တယ်ဆိုပြီး ရွှေးချယ်မှု ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူမလည်း မိန်းကလေးတိုင်း ကျောင်းတက်လို့ရမယ့်အချိန်ထိ တိုက်ပွဲ၀င်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမရဲ့အဖေနဲ့ သူမတို့ဟာ Malala Fund (ရန်ပုံငွေ အဖွဲ့) ကို တည်ထောင်ခဲ့ပြီး ရည်ရွယ်ချက်ကတော့ မိန်းကလေးတိုင်းအတွက် မှန်ကန်တဲ့ အခွင့်အရေးရရှိဖို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် သူမဟာ ၂၀၁၄ခုနှစ်ဒီဇင်ဘာလမှာ နိုဘယ်ဆုရရှိခဲ့ပြီး အသက်အငယ်ဆုံး နိုဘယ်ဆုရှင်ဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=911,q=100/7f/7febe6e54ca60025ad79f2a10a11fca904f95342.jpg

၂၀၁၈

အောက်စဖို့ဒ်တက္ကသိုလ်မှာ သူမဟာ ဒဿနိကဗေဒ၊ နိုင်ငံရေးနှင့်စီးပွားရေး ပညာရပ်တွေကို သင်ယူခဲ့ပါတယ်။ သူမဟာလည်း နိုင်ငံတော်တော်များများကို သွားရောက်ခဲ့ပြီး မိန်းကလေးတွေအတွက် တိုက်ပွဲ၀င်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/98/98998151b8d71dae566467a587a88f573b23adb7.jpg
https://s9.kh1.co/__image/w=650,h=813,q=100/08/08cc4822d8d581d16030319a7e62994b3710ff3f.jpg

၂၀၂၀

သူမဟာ အောက်စဖို့ဒ်တက္ကသိုလ်ကနေ ဘွဲရခဲ့ပါတယ်။ အဲ့ဒီနောက် သူမဟာ အရင်လိုပဲ ကမ္ဘာပေါ်မှာ ဖိနှိပ်ခံနေရတဲ့ မိန်းကလေးတွေအတွက် မှန်ကန်တဲ့ အခွင့်အရေးရဖို့ ဆက်လက် တိုက်ပွဲ၀င်လျက်ရှိပါတယ်။ ယနေ့ကျောင်းမှာ မိန်းကလေးသန်း ၁၃၀ ကျော်ရှိနေပေမယ့်လည်း သူမအနေနဲ့ ဆက်လက်ပြီး မိန်းကလေးတိုင်း စာသင်ယူနိုင်ဖို့ ပြုလုပ်နေလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/48/484e2b332d31f0b1625ffd94dbebaa1f5d6cd1be.jpg

သတင်း အရင်းအမြစ်Malala Fund

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T