ပရိသတ်ကြီးရေ မင်းသားချောလေးစွမ်းဇာနည်ကတော့ မြန်မာ့ရိုးရာအကကိုလည်း တက်ကျွမ်းသလို သရုပ်ဆောင်ပညာနဲ့အဆိုပိုင်းမှာလည်း ထူးချွန်တဲ့အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။စွမ်းဇာနည်က အနုပညာအလုပ်တွေကို အသက်ငယ်ငယ်လေးကတည်းက လုပ်ဆောင်ခဲ့လို့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားပါတယ်နော်။စွမ်းဇာနည်က အခုချိန်ထိလည်း ချောမောခန့်ညားနေဆဲဖြစ်လို့ နှုတ်ခမ်းနီမလေးတွေက သည်းသည်းလှုပ်ချစ်နေကြတာဖြစ်ပါတယ်။



စွမ်းဇာနည်က ချစ်သူခင်သူတွေပေါများလို့ လက်ဆောင်ပစ္စည်းတွေဆိုလည်း မကြာခဏရရှိနေတာဖြစ်ပါတယ်။စွမ်းဇာနည်ကိုချစ်ကြတဲ့သူတွေက မင်းသားရဲ့ဝေယျာဝစ္စတွေကိုလည်း ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်နော်။လတ်တလောမှာဆိုရင်တော့ မင်းသားချောစွမ်းဇာနည်က ချစ်ပရိသတ်တွေကို ကပြဖျော်ဖြေဖို့အတွက် ကကွက်အသစ်လေးတွေကို အဖွဲ့သားတွေနဲ့အတူ လေ့ကျင့်နေတာပဲဖြစ်ပါတယ်။စွမ်းဇာနည်ရဲ့ချစ်သူလေးကလည်း မင်းသမီးလေးပဲဖြစ်လို့ သူတို့ချစ်သူနှစ်ယောက်ကတော့ ရှေ့သွားနောက်လိုက်ညီပါတယ်နော်။



စွမ်းဇာနည်ရဲ့ဇာတ်သဘင်အဖွဲ့ကလည်း မြန်မာနိုင်ငံမှာအကြီးဆုံးဇာတ်သဘင်ကြီးဖြစ်လို့ အနယ်နယ်အရပ်ရပ်မှာ အောင်မြင်ကျော်ကြားနေတာဖြစ်ပါတယ်။မင်းသားချောစွမ်းဇာနည်ကတော့ ငယ်ငယ်တုန်းကလိုမျိုး ပရိသတ်တွေကို သွက်သွက်လက်လက်ဖျော်ဖြေနိုင်ဖို့အတွက် သေချာလေ့ကျင့်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ စွမ်းဇာနည်တို့အဖွဲ့သားတွေက တက်ညီလက်ညီနဲ့ ရှုတင်မှာပျော်ပါးနေကြတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။



Source&Photo Credit:Swan Zarni's Facebook Account





