ကိုယ်ပိုင် Label တည်ထောင်ရတဲ့အကြောင်းရင်းကိုပြောလာခဲ့တဲ့ BlackPink Jennie

//s9.kh1.co/7d/7d7f728203e6f27f6b62b3d7b6589e484f675dce.jpg
MPT Korea Celebrity

 ၀၅-ဇန်-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ကိုယ်ပိုင် Label တည်ထောင်ရတဲ့အကြောင်းရင်းကိုပြောလာခဲ့တဲ့ BlackPink Jennie

Jennie ဟာ YG နှင့်တစ်ကိုယ်တော်အလုပ်တွေအတွက် စာချုပ်ရပ်ဆိုင်းပြီးနောက်ပိုင်းမှာ  ODD ATELIER ဆိုတဲ့ သူ့ရဲ့ကိုယ်ပိုင်ကုမ္မဏီကိုတည်ထောင်ခဲ့ပါတယ်။ မကြာသေးခင်ကသွားခဲ့တဲ့ အဆိုတော်လီဟိုရီတင်ဆက်တဲ့ရှိုးတစ်ခုမှာ သူ့အနေနှင့် YG နှင့်စာချုပ်ဆက်မချုပ်ရတဲ့အကြောင်းရင်းကိုပြောပြပေးသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=423,q=100/3d/3dcaab15bbb6b9d31010b49e271f99e9ee13d496.jpg

ပွဲဦးထွက်လာတာ နှစ်သက်တမ်းကြာလာတာကြောင့် အေဂျင်စီအကြီးရဲ့အကူအညီမပါဘဲ လွတ်လွတ်လပ်လပ်လုပ်ကိုင်လှုပ်ရှားချင်တာကြောင့် ဒီလိုကိုယ်ပိုင်ကုမ္မဏီထောင်ခဲ့တာဖြစ်ကြောင်းပြောခဲ့တာပါ။ သူ့အနေနှင့် ကုမ္မဏီရဲ့နာမည် ODD ATELIER က သူများနှင့်မတူတဲ့လမ်းကြောင်းကိုလျှောက်နေရင်တောင်မှ အကောင်းဆုံးလုပ်သွားမယ်ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။

https://s9.kh1.co/__image/w=564,h=709,q=100/97/97574a112d154dac694bdbd4c1cb1574e1a52f6a.jpg

YG နှင့်လည်းအခုချိန်ထိကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေပြီးလက်ရှိအချိန်အထိသူ့ကို စောင့်ရှောက်ပေးနေဆဲကုမ္မဏီကောင်းတစ်ခုဖြစ်ကြောင်းပါပြောသွားခဲ့ပါတယ်။ ရှေ့ဆက်ပြီး တစ်ကိုယ်တော်ဂျင်းနီနှင့် ODD ATELIER ကိုလည်းအများကြီးအားပေးသွားကြဖို့ပရိတ်သတ်တွေကိုတောင်းဆိုထားပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/21/214e337f3e61e5b132c33ee5e87d96ec770f926f.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T