မြန်မာ့ရုပ်ရှင်ဇာတ်လမ်းတွဲကြိုက်နှစ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချော ခင်လေးနွယ်ဟာ သူမ ချစ်တဲ့၊သူမကို ချစ်တဲ့ပရိသတ်တွေကြီးအတွက် စိတ်ပူပေးခဲ့ပါတယ်။သူမဟာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဆုတောင်းပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေအပေါ်ထားတဲ့ သူမရဲ့ မေတ္တာတရားကို အတိုင်းသား မြင်တွေ့ခဲ့ရပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံမှာ မုန်တိုင်းဘေးအန္တရာယ်ကျရောက်နေတာကြောင့် ခင်လေးနွယ်က သူမရဲ့ကိုယ်ပိုင် Facebook အကောင့်ကနေ ပရိသတ်ကြီးအတွက် စိုးရိမ်နေကြောင်း စာလေးရေးခဲ့တာဖြစ်ပါတယ်။ခင်လေးနွယ်က `` မေမြို့မှာတော့ မိုးရွာပြီး အရမ်းအေးနေပြီ၊ဒီရက်ပိုင်း မုန်တိုင်းရှိတော့ အားလုံးဂရုစိုက်ကြပါနော်၊အားလုံးလဲ ဘေးကင်းကြပါစေ ‘’ လို့ ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ခင်လေးနွယ်ဟာ မိုးအေးအေးလေးနဲ့ ဝက်စတူးခေါက်ဆွဲလေးစားရင်း သူမရဲ့ ပုံလေးတွေကို မျှဝေခဲ့တာ ဖြစ်ပြီး ပရိသတ်ကြီးကလည်း သူမရဲ့ မေတ္တာကို အသိအမှတ်ပြုပေးခဲ့ကြပါတယ်။ပရိသတ်ကြီးက သူမကိုပါပြန်ပြီး စိတ်ပူပေးပြီး ချစ်ပေးခဲ့ကြပါတယ်။မမခင်လေးနွယ်လည်း အစစအရာရာဂရုစိုက်ပါနော် ……



Photos :Credit





