ရောမမြို့ဟောင်းကို ဘီစီရှစ်ရာစုလောက်မှာစတင်တည်ထောင်ခဲ့ပြီးတော့ နှစ်ကာလကြာလာတဲ့အခါ အင်ပါယာတစ်ခုလိုမျိူးကျယ်ပြန့်လာခဲ့ပါတယ်။ ဒီအင်ပါယာကိုမင်းဆက်အဆက်ဆက်အုပ်စိုးခဲ့ကြတာဖြစ်ပေမဲ့ ၅၀၉ဘီစီလောက်မှာ မူရင်းသက်ဦးဆံပိုင်အုပ်ချူပ်ရေးစနစ်ကိုပြုပြင်ပြီး သမ္မတစနစ်အုပ်ချူပ်ပုံကိုပြောင်းလဲခဲ့ပါတယ်။


ဒါပေမဲ့ ဘီစီ၄၄မှာ ရောမရဲ့စစ်သူကြီးဖြစ်တဲ့ ဂျူးလီယက်ဆီဇာလုပ်ကြံခံရပြီးနောက်မှာတော့ အင်ပါယာထဲမှာအာဏာလုပွဲနှင့်သတ်ဖြတ်လုပ်ကြံမှုတွေ မရေမတွက်နိုင်အောင်ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့် အောဂတ်စ်ဘုရင်က နိုင်ငံကိုသက်ဦးဆံပိုင်စနစ်နှင့်ပြန်လည်အုပ်ချူပ်လိုက်ပါတယ်။


ရောမမြို့ရဲ့အထင်ကရဖြစ်တဲ့ တံတိုင်းအဆောက်အဦးဟာဆိုရင် ရောမလူမျိူးတွေရဲ့ လွှတ်တော်ဖြစ်သလို ဘာသာရေးအခမ်းအနားနှင့်နိုင်ငံတော်ပွဲတွေကျင်းပတဲ့နေရာလည်းဖြစ်ပါတယ်။ ဒီမြို့ဟောင်းရဲ့မှတ်တမ်းတွေကနေတစ်ဆင့် ရောမမြို့ရဲ့လူနေမှုဘဝတွေ အတတ်ပညာတွေကိုလေ့လာနိုင်ပါတယ်၊ ၁၁၇အေဒီမှာတော့ ရောမအင်ပါယာဟာအာရှနိုင်ငံတွေအထိပါ အာဏာစက်လွှမ်းမိုးနိုင်ခဲ့ပါတယ်။


အေဒီ၆၄ ကနေစပြီးတော့ ဒီအင်ပါယာကြီးဟာပုန်ကန်ထကြွမှုတွေ ပြည်တွင်းစစ်ပွဲတွေနှင့် သဘာဝဘေးအန္တရာယ်တွေကို ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ အေဒီငါးရာစုမှာတော့ ရောမအင်ပါယာဟာတစ်ခြားမျိူးနွယ်တွေရဲ့ကျူးကျော်မှုတွေကိုစတင်ခံခဲ့ရပြီး အေဒီ၄၇၆ အရောက်မှာတော့ ရောမအင်ပါယာဟာလုံးဝပျက်စီးပြိုကွဲသွားခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ ရောမအင်ပါယာပျက်စီးရခြင်းအဓိကအကြောင်းရင်းက အုပ်ချူပ်ပုံစနစ်နှင့် အခွင့်ထူးခံမင်းမျိူးမင်းနွယ်တွေကြောင့်ဖြစ်တယ်လို့ယူဆကြပါတယ်။


သတင်း အရင်းအမြစ်៖ www.thecollector.com





