အမြင်အာရုံပျက်စီးမှုကို ပြန်လည်ကုသနိုင်စွမ်းရှိကြတဲ့ ခရုမျိုးစိတ်

//s9.kh1.co/11/11385fdc7755f937f82ee77be8fd818fb9967735.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-ဇန်-၂၀၂၃ ၁၀pm · လွန်ခဲ့သော တစ်နှစ် က

သူတို့ရဲ့ ကုသနိုင်စွမ်းကတော့ အံ့မခန်းပါပဲ......

လျှို့ဝှက်ဆန်းကြယ်စွာပဲ ခရုများ (Family Ampullariidae) ဟာ Cephalic Eyetalk ရဲ့ထိပ်ဆုံးမှာ ဖွဲ့စည်းတည်ဆောက်ပုံအရ ရှုပ်ထွေးတဲ့ မျက်လုံးများကို ပိုင်ဆိုင်ထားတဲ့ ရေနေသတ္တဝါများဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/b4/b4125350195bb1d41ebf5ee026fd7324d91a4f94.jpg

ဒီအညှာနဲ့ ဆက်စပ်နေတဲ့ တခြားအာရုံခံအင်္ဂါတွေကို‌တော့ မတွေ့ပါဘူး။ ဒီခရုတွေဟာ သူတို့ရဲ့ ရှည်လျားတဲ့ မျက်လုံးကို အလယ်ကနေ ဖြတ်တောက်ခံရပြီးတဲ့အခါ မျက်လုံး လုံးလုံးပြန်ပေါက်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/4a/4aee06aeb7a53da50155bbc440be775b88581010.png

ဖြတ်တောက်ခြင်းဟာ မျက်လုံးခွံတစ်ခုလုံးရဲ့ ဆယ်လူလာ တစ်ခုလုံးကို လုံးလုံးလျားလျား ပြောင်းလဲစေပါတယ်။ အထူးသဖြင့် မျက်လုံးရဲ့ အထွတ်မှာ ပေါင်းစပ်ထားတဲ့ Epithelium (အရေးပြားတစ်မျိုး) ဟာ တိမ်အကွဲကြောင်း သို့မဟုတ် "မျက်ခမ်း" ကို ဖြစ်ပေါ်စေပါတယ်။ မျက်လုံး အစိတ်အပိုင်းအားလုံးရဲ့ ကွဲပြားမှုဟာ ဒီ Epithelial ဆဲလ်များကို ကူးပြောင်းသတ်မှတ်ခြင်းဖြင့် ဖြစ်ပေါ်စေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/57/572b176b474040987bd35a903ab085b3babc8878.jpg

အဖြတ်ခံရပြီး 14 ရက်ပြီးတာနဲ့ မျက်လုံးအသစ်ရဲ့ သူငယ်အိမ်ကနေ အသွင်အပြင်ကို ခွဲခြားသိမြင်နိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ မျက်လုံးများ (ပြင်ပကြည့်ရှုမှုအားဖြင့်) ဟာ မူလမျက်လုံးများထက်သေးငယ်‌ပေမယ့်လည်း ၂၅ ရက်ကြာပြီတဲ့အခါ ပြန်လည်ဖွံ့ဖြိုးလာပါတယ်။ ခရုမျိုးနွယ်တွေလို တခြားမျိုးနွယ်တွေလည်း ပြတ်သွားတဲ့နေရာက တစ်သျှုးတွေကို အကောင်းတိုင်ဖြစ်အောင် ပြန်လည်ပြုလုပ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/ab/abdb75f81e087fad81a5e9d4c598d139145d998f.jpg

သတင်း အရင်းအမြစ်Pubmed

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T