ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲပြီး အုပ်စုကို ကာကွယ်ကြသူများ

//s9.kh1.co/43/432ffba2892f06651cf4037892e49efab9eaec90.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-ဇန်-၂၀၂၃ ၁၀pm · လွန်ခဲ့သော တစ်နှစ် က

ပုရွက်ဆိတ်တွေမျိုးချစ်ချက်ကတော့ အံ့ဩစရာပါပဲ.....

ဘော်နီယိုရဲ့ သစ်ပင်ထိပ်များမှာ သေစေတတ်မယ့် လျှို့ဝှက်ချက်ရှိတဲ့ ပုရွက်ဆိတ်တစ်ကောင်ရှိပါတယ်။ အဲ့တာကတော့ သူတို့ဟာ ဖောက်ကွဲနိုင်တာပါ။ အပြင်ဘက်မှာ‌ တော့ နီညိုရောင်ပုရွက်ဆိတ်တစ်ကောင်သာဖြစ်ပြီး ဘာမှမထင်ရှားပါဘူး။ သူတို့ဟာ ကြီးမားလှတဲ့ mandibles များမရှိတာကြောင့် ကိုက်လို့မရတဲ့အပြင် ယေဘုယျအားဖြင့် အခြားသား‌‌ကောင်များအတွက်တော့ သူတို့ဟာ အလွယ်တကူ ဖမ်းယူခံရတတ်ပါတယ်။ ဒါပေမယ့် ဒီပုရွက်ဆိတ်များဟာ ခြိမ်းခြောက်မှုခံစားရတဲ့အခါ သူတို့ဟာ သတိပေးချက်အဖြစ် သူတို့ရဲ့ နောက်ပိုင်းကို မြှောက်ထားတယ်လို့ ဩစတြီးယားနိုင်ငံရှိ သဘာဝသမိုင်းပြတိုက် ဗီယင်နာမှ ဇီဝဗေဒပညာရှင် Alice Laciny က Zookeys ဂျာနယ်မှာ ပြောပြခဲ့ပါတယ်။ သူဟာ 1935 ခုနှစ်ကတည်းက ပထမဆုံးပေါက်ကွဲတတ်တဲ့ ပုရွက်ဆိတ်မျိုးစိတ်သစ်ကို ဖော်ပြခဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/fc/fc23e3c659923c95b692003a71a0b15be2cce045.webp

အဲ့နောက် တိုက်ခိုက်မယ့်သူ ရက်ကန်းပုရွက်ဆိတ်တစ်ကောင်ထက် အလွန်ကြီးမားတဲ့ အကောင်ဟာ နောက်မဆုတ်တာမျိုး ဒါမှမဟုတ် ပုရွက်ဆိတ်သေးသေးလေးတစ်ကောင် သို့မဟုတ် အဲ့ထက်ပိုသေးတဲ့ ပုရွက်ဆိတ်ကိုက်ခံရပါက ဒီပုရွက်ဆိတ်တွေဟာ နောက်ကျောကို နီးကပ်စွာ ထောင့်ချိုးကာ ဝမ်းဗိုက်များအထိ ပြင်းထန်စွာ ကွေးညွှတ်သွားနိုင်ပါတယ်။ ဒီနည်းနဲ့ သူတို့ကိုယ်သူတို့ ဖောက်ခွဲခြင်းဖြင့် ပုရွက်ဆိတ်များဟာ ကျန်တဲ့ ကိုလိုနီ (ပုရွက်ဆိတ်များ) ကို ကာကွယ်ဖို့ မိမိကိုယ်ကို စတေးကြပါတယ်။ Laciny နှင့် သူ့ရဲ့တွဲဖော်များဟာ ပုရွက်ဆိတ်အသစ်ကို " ပေါက်ကွဲတတ်သော Colobopsis " လို့ခေါ်ခဲ့ကြပါတယ်။ ပေါက်ကွဲတဲ့အခါ ဖောက်ခွဲလိုက်တဲ့ ပုရွက်ဆိတ်ဟာ အဝါရောင်တောက်တောက် အရောင်နဲ့ စေးကပ်ပြီး အဆိပ်ရှိတဲ့ အဆိပ်အတောက်များကို ထုတ်လွှတ်လိုက်ပါတယ်။ သူတို့ထုတ်လွင့်လိုက်တဲ့အနံဟာလည်း မနှစ်မြို့ဖွယ်ကောင်းကြောင်း Laciny ကပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/9d/9d0c5c4c389f472f72b20a63ab641c6ce6bcc397.webp
https://s9.kh1.co/__image/w=650,h=494,q=100/d1/d1506669ab36c81d538bb7ecca41ac6ce02b8983.jpg

ပေါက်ကွဲတတ်တဲ့ ပုရွက်ဆိတ်တွေကို သိပ္ပံပညာမှာ နှစ်တစ်ရာကျော်ကတည်းက သိနေကြပေမယ့် အလွန်ရှားပါးတယ်လို့ ဂျာမနီနိုင်ငံ Regensburg တက္ကသိုလ်က ပုရွက်ဆိတ်တွေကို အထူးပြုတဲ့ အပြုအမူဆိုင်ရာ ဂေဟဗေဒပညာရှင် Tomer Czaczkes က ပြောပါတယ်။ အခြားမျိုးဆိတ်တူ ပုရွက်ဆိတ်တွေကို ကာကွယ်ဖို့ မိကိုယ်ကို သတ်သေခြင်းဟာ အနည်းငယ် အစွန်းရောက်ပုံပေါ်‌ပေမယ့်လည်း သူတို့အတွက်တော့ အဓိပ္ပာယ်ရှိပါတယ်။ ပုရွက်ဆိတ်များဟာ အုပ်စုနဲ့ နေထိုင်ကြတာကြောင်း သူတို့ဟာ မရေမတွက်နိုင်တဲ့ သားရဲများအတွက် လွယ်ကူသော အစာအရင်းအမြစ်ဖြစ်လာစေတယ်လို့ Czaczkes ကပြောပြခဲ့ပါတယ်။ ဒါကြောင့် ပုရွက်ဆိတ်များဟာ မိမိကိုယ်ကို ကာကွယ်ရန် လိမ္မာပါးနပ်တဲ့ နည်းလမ်းများစွာနဲ့ ဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/20/208a29766ae470a9b1c2268acd7f001814d0bfcb.jpg

သတင်း အရင်းအမြစ်National History

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T