ချောမောနေဆဲဖြစ်ပေမယ့် ရုပ်ရှင်မရိုက်တော့ဘဲသာမန်လူတစ်ယောက်လိုမျိုးနေထိုင်နေတဲ့ မင်းသား Jin Yi Han

//s9.kh1.co/a7/a7133f521a23c3adbd9920b4a4f866527f3a7ee0.jpeg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

ချောမောနေဆဲဖြစ်ပေမယ့် ရုပ်ရှင်မရိုက်တော့ဘဲသာမန်လူတစ်ယောက်လိုမျိုးနေထိုင်နေတဲ့ မင်းသား Jin Yi Han

တောင်ကိုရီးယားမင်းသား Jin Yi Han ဟာဆိုရင် တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ မင်းသားဖြစ်ပါတယ်။ Jin Yi Han ရဲ့နာမည်အရင်းက Kim Hyun Joong ဖြစ်ပြီး ပြဇာတ်သရုပ်ဆောင် အဆိုတော်အဖြစ်ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပါတယ်။

Jin Yi Han က၁၉၉၈ ခုနှစ်မှာ စစ်မှုထမ်းဆောင်ခဲ့ပြီး စစ်တပ်ထဲမှာလည်း တတ်ကြွတဲ့ ဖျော်ဖြေသူတစ်ယောက်ဖြစ်ခဲ့တဲ့သူပါ။Jin Yi Han က၂၀၀၂ ခုနှစ်မှာ Visual Design ဘာသာရပ်နဲ့ နဲ့ ဆိုးလ် တက္ကသိုလ်ကနေ ပွဲရခဲ့တဲ့သူဖြစ်ပါတယ်။ ပြဇာတ်တွေနဲ့နန်းတွင်းဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Jin Yi Han ဟာ ၂၀၁၃ ခုနှစ်မှာ Empress Ki ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုတွေ သိမ်းကြုံးရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=893,q=100/64/6496b07cfed4a0c947fd38040b74878d01286d19.png

Jin Yi Han က ၂၀၁၆ ခုနှစ်မှာ Kim Ji Han အဖြစ် နာမည်ထပ်ပြောင်းခဲ့ပြီး အနုပညာအလုပ်တွေ ဆက် လုပ်ခဲ့ပါတယ်။ Jin Yi Han က လက်ရှိမှာ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး နုပျိုချောမောနေတုန်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=450,q=100/35/3517f41075d45977c595b769432e7bc5b98d86c9.png

Jin Yi Han ဟာ ၂၀၂၀ ခုနှစ်ကတည်းက အနုပညာလှုပ်ရှားမှုတွေကို တတ်တတ်ကြွကြွ မလုပ်ဆောင်တော့ပဲ သာမန်လူအဖြစ်နဲ့သာ ပေါ့ပေါ့ပါးပါးနေထိုင်လျက်ရှိပါတယ်။ အရပ်ရှည်ရှည်နဲ့ ခန့်ချော မင်းသားကြီး Jin Yi Han ဟာ အသက် ၄၀ ကျော်သွားပေမယ့်လည်း အသက် ၂၀ ကျော်အရွယ်တုန်းကလိုမျိုး မျက်နှာလေးက ကြည့်လို့ကောင်းနေတုန်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=580,h=870,q=100/eb/eb5724fbe9faa466b125e772bbe2caa7c33b1933.png

Jin Yi Han ရဲ့ နုပျိုနေဆဲ လက်ရှိပုံရိပ်လေးတွေကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ တစ်ခေတ်တစ်ခါက နာမည်ကြီးအောင်မြင်ခဲ့တဲ့ တောင်ကိုရီးယား မင်းသား Jin Yi Han ရဲ့ လက်ရှိအခြေအနေလေးကိုပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။  

https://s9.kh1.co/__image/w=650,h=900,q=100/34/3456267ac1ed3b4f2ae2d4c65a80fcf3baa56665.png
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T