YG က ပထမဦးဆုံး ခွဲထွက်နိုင်ချေရှိတဲ့ Blackpink အဖွဲ့ဝင်

//s9.kh1.co/da/daa701b4787ebf3cf5422b9471bfc90d33e0ce05.jpg
အနုပညာရှင်များ

 ၂၈-ဇန်-၂၀၂၃ ၂pm · လွန်ခဲ့သော တစ်နှစ် က

မကြာသေးခင်က အေဂျင်စီအသစ်တစ်ခုဟာ Blackpink အဖွဲ့ဝင်တစ်ယောက်ကို....

တောင်ကိုရီးယား နာမည်ကြီး အမျိုးသမီးK-pop အဖွဲ့ဖြစ်တဲ့ Blackpink ဟာ အခုရက်ပိုင်းတွေမှာ သူတို့ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment နဲ့ စာချုပ်ချုပ်ဖို့ ပြဿနာတစ်ချို့ရှိနေခဲ့တာ ဖြစ်ပါတယ်။ YG Entertainment အနေနဲ့ Blackpink နဲ့ ဆက်လက်လက်တွဲဖို့ ဆန္ဒရှိပေမယ့် ကိစ္စတစ်ချို့ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=785,q=100/27/2733cbaf56ddf9736320c242c7fd9a7a5df905da.jpg

မကြာသေးမီက Blackpink အဖွဲ့ထဲမှာ အဖွဲ့ဝင်တစ်ယောက်ဟာ YG နဲ့ ပထမဆုံးစာချုပ်မချုပ်ဆိုမယ့် သူလို့ သတင်းတွေထွက်ပေါ်ခဲ့တယ်။ သူကတော့ Rose ဖြစ်ပြီး YG နဲ့ စာချုပ်မချုပ်မယ့် ပထမဆုံးသူလို့ ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=834,q=100/fb/fb5cbcb7f1042db4158897b0301564e897fdfb26.jpg

အကြောင်းအရင်းကတော့ Capitol Record လို့ခေါ်တဲ့ အေဂျင်စီရဲ့ CEO ဟာ Instagram မှာ Rose ကို Follow ခဲ့​တာကို အင်တာနက်အသုံးပြုသူတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။Rose သာ ဒီအေဂျင်စီနဲ့လက်တွဲခဲ့ရင် YG လို ကန့်သတ်ချက်တွေများစွာရှိမယ့်အစား တစ်ကိုယ်တော်လှုပ်ရှားမှုတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်မယ်လို့ အင်တာနက်အသုံးပြုသူတွေက ယူဆနေကြပါတယ်။

https://s9.kh1.co/__image/w=620,h=294,q=100/ce/ceb1848557392ab40f195709f01b788928374de8.jpeg

သို့ပေမယ့် Capitol Record ရဲ့ CEO ဟာ IVE ကိုလည်း Follow လုပ်ထားသောကြောင့် Rose ကိုပါအခုလိုလုပ်ခြင်းဟာ အဓိပ္ပါယ်မရှိကြောင်း အင်တာနက်သုံးစွဲသူအများအပြားက ထင်မြင်နေခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=620,h=302,q=100/47/47396b0aa06c7e34ff2e5e405d502170ed280649.jpeg
https://s9.kh1.co/__image/w=650,h=930,q=100/31/31c0badeb679850f0688205b40a7f235f9037ca6.jpg

Photos:Credit

သတင်း အရင်းအမြစ်Kbizoom

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T