စိန်​ဂေဟာ မီး​လောင်မှုဖြစ်စဉ်မှာ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

//s9.kh1.co/1f/1fb860c0386d33be1b2dcb7fce743d35d9a3d4af.jpg
နေ့စဉ်သတင်းများ

 ၂၈-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော တစ်နှစ် က

စိန်​ဂေဟာမီး​လောင်မှုဖြစ်စဉ်မှာ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မဟာမင်းခေါင်လမ်းရှိ စိန်​ဂေဟာ မီး​လောင်မှာဖြစ်စဉ်မှာ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း မီးခိုးမွှန်ခြင်းနှင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ လူမှုရေးအသင်းထံမှ သိရပါတယ်။ ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်၊ ည ၇ နာရီ​ကျော်က စိန်​ဂေဟာ စျေးဝယ်စင်တာ အ​ပေါ်ဆုံးထပ်ရှိ ဆိုင်ခန်းများမှ မီးစလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။

Photo Credit - မီးသတ်တပ်ဖွဲ့၊ကူညီကယ်ဆယ်​ရေးအဖွဲ့များ
Photo Credit - မီးသတ်တပ်ဖွဲ့၊ကူညီကယ်ဆယ်​ရေးအဖွဲ့များ
Photo Credit - မီးသတ်တပ်ဖွဲ့၊ကူညီကယ်ဆယ်​ရေးအဖွဲ့များ
Photo Credit - မီးသတ်တပ်ဖွဲ့၊ကူညီကယ်ဆယ်​ရေးအဖွဲ့များ

မီးလောင်မှုဖြစ်ပွားကြောင်း လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များမှ သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင်မှုကို Level 3 အဆင့်ဖြင့် အချိန် ၃ နာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး ည ၁၀ နာရီ ၂၃ မိနစ် ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့​ကြောင်း သိရပါတယ်။

Photo Credit - မီးသတ်တပ်ဖွဲ့၊ကူညီကယ်ဆယ်​ရေးအဖွဲ့များ
Photo Credit - မီးသတ်တပ်ဖွဲ့၊ကူညီကယ်ဆယ်​ရေးအဖွဲ့များ

စိန်​ဂေဟာမီး​လောင်မှုမှာ ဘာကြောင့် မီးလောင်ကျွမ်းရတာလဲဆိုတာ မသိရပေမယ့် ပျက်စီးဆုံးရှုံးတန်ဖိုးများတာကြောင့် ဆိုင်ကို ယာယီပိတ်ထားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက် မှော်ဘီမြို့နယ် Grand Royal အရက်ချက်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာလည်း ပေါက်ကွဲမှုများကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဥ် ဖြစ်ပွားခဲ့သေးတယ်။

Photo Credit - မီးသတ်တပ်ဖွဲ့၊ကူညီကယ်ဆယ်​ရေးအဖွဲ့များ
Photo Credit - မီးသတ်တပ်ဖွဲ့၊ကူညီကယ်ဆယ်​ရေးအဖွဲ့များ

သတင်း အရင်းအမြစ်Source - ယနေ့ခေတ်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T