The Glory မှာ မထင်ထားလောက်တဲ့ အနုပညာကြေး ရနေတဲ့ Song Hye Kyo

//s9.kh1.co/ff/ff00d3412809076a8fd83508ec8d43a27b5ea5fc.jpg
အနုပညာရှင်များ

 ၂၈-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

ဆောင်းဟေကိုဟာ The Glory ရဲ့ တစ်ပိုင်းတည်းနဲ့တင်......

တောင်ကိုရီးယားနာမည်ကြီး မင်းသမီးဆောင်းဟေကိုဟာ ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားတဲ့ မင်းသမီးဖြစ်ပြီး အောင်မြင်မှုများစွာ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။သူမဟာ ဇာတ်ကားတစ်ကားရိုက်တိုင်း ရရှိတဲ့ အနုပညာကြေးဟာ အလွန်များပြားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=376,q=100/ed/edcfff6b8aba56e48bc1e582c5bd1e7e737e854f.jpg

မကြာသေးမီကထွက်ရှိခဲ့တဲ့ ဆောင်းဟေကို အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ The Glory ဟာ အောင်မြင်မှု ကြီးကြီးမားမားရရှိခဲ့ပြီး ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။The Glory ဟာ စံချိန်အများအပြားတင်နိုင်တဲ့ အထိ အောင်မြင်ခဲ့တာဖြစ်ပြီး ဆောင်းဟေကို ရဲ့ The Glory အပိုင်းတစ်ပိုင်း အတွက်အနုပညာကြေးဟာ အလွန်များပြားနေတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=649,q=100/2f/2f45db15924adca60f0052d7d5fa3ffb2b4a1bb3.jpg

ဆောင်းဟေကို ဟာ The Glory တစ်ပိုင်းစာကို ကိုရီးယားဝမ်  သန်း ၂၀၀ အနုပညာကြေးရရှိခဲ့တာဖြစ်ပြီး ဒီကြေးဟာ အမျိုးသမီးသရုပ်ဆောင်တွေထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။အစဥ်အလာအရ မင်းသားတွေဟာ မင်းသမီးတွေထက် အနုပညာကြေးမြင့်တယ်လို့ သိရပြီး မင်းသား Lee Junjae ဟာ အနုပညာကြေး (၁) ဘီလီယံအထိရရှိပြီး ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=802,q=100/9a/9a4319b5a9a35c15cecc5925507e995e2ecafc5d.jpg

The Glory ဟာ နိုင်ငံတကာကိုပါထိုးဖောက်ခဲ့တာကြောင့် Season 2 မှာ ဆောင်းဟေကို အနေနဲ့ အနုပညာကြေးပိုရမယ်လို့ ထင်ကြေးပေးမှုတွေလည်း ရှိလာခဲ့တာ ဖြစ်ပါတယ်။The Glory Season 2 ဟာ မတ်လ (၁၀) ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=777,q=100/61/6148dee48c1233dd73a9a6cff9b616a9d49c37bc.jpg

Photos:Credit

သတင်း အရင်းအမြစ်Kbizoom

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T