အသက်ကြီးမှ ဒရမ်မာတွေ ပြန်ရိုက်တော့မယ့် ချန်ဂင် မင်းသမီးကြီး Lee Young-Ae...

//s9.kh1.co/6c/6cd97e26ecd49aafdb74cdaafde53710257345c9.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

ချန်ဂင်ဟာ ဒရမ်မာအသစ်နဲ့ပရိသတ်ရှေ့ပြန်လာတော့မယ်လို့...

တစ်ခေတ်တခါကနာမည်အကြီးဆုံး မင်းသမီးကြီးဖြစ်တဲ့ “Jewel in the palace (နန်းတွင်းရတနာ)” ထဲက ချန်ဂင်ဟာ ဒရမ်မာအသစ်နဲ့ပရိသတ်ရှေ့ပြန်လာတော့မယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့က ချန်ဂင်လို့လူသိများတဲ့ မင်းသမီးကြီး Lee Young-ae ဟာ ပြင်သစ်ဝတ္ထုကိုအခြေခံထားတဲ့ ‘Maestra’ ဆိုတဲ့ဒရမ်မာမှာပါဝင်ရိုက်ကူးတော့မယ်လို့ သတင်းတွေအရသိရပါတယ်။

https://s9.kh1.co/__image/w=650,h=844,q=100/3e/3edbfd24530567442c76a83452e2ff54ab194d91.webp

အသက် ၅၁ ရှိပြီဖြစ်တဲ့ မင်းသမီးကြီး Lee Young-ae ဟာဆိုရင်ဒရမ်မာမရိုက်တာကြာပြီဖြစ်ပြီး သူ့ရဲ့ comeback အတွက်လည်းအများကြီးပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒရမ်မာထုတ်လုပ်ရေး ကုမ္ပဏီဘက်ကတော့ မကြာခင်မှာပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေနဲ့ မိတ်ဆက်ပွဲလုပ်ပေးသွားမယ်လို့ ပြောထားပါတယ်။

https://s9.kh1.co/__image/w=650,h=864,q=100/0a/0a71efbc8a8bc04babbde5370aed11f5c526dbcb.webp
https://s9.kh1.co/__image/w=620,h=945,q=100/1e/1e19ca4ad28dcd2d45e03f785e24a4617754d66f.webp

ပရိသတ်တွေကတော့ ချန်ဂင်လို့လူသိများခဲ့တဲ့ မင်းသမီးကြီး Lee Young-ae ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ကွက်တွေကို ပြန်မြင်ချင်နေကြပြီး သူရဲ့အသက်နဲ့မလိုက်အောင် နုပျိုမှုကိုလည်း ချီးကျူးနေကြပါတယ်။

Photos-credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T