လက်ရှိအိမ်မှာ သရဲနဲ့ နှစ်ယောက်အတူနေနေရတယ်လို့ ရင်ဖွင့်လာတဲ့ Lisa...

//s9.kh1.co/3d/3de2729dffbe12f50ccba8f4d59f6cd7ded0518b.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော တစ်နှစ် က

တနေ့ကျမအခန်းထဲက ကွန်ပျူတာရှေ့မှာလုပ်စရာရှိတာလုပ်ရင်း...

ပရိသတ်တွေရဲ့အချစ်တော်လေး BlackPink အဖွဲ့ဝင် Lisa ဟာဆိုရင်သူကြုံတွေ့နေရတဲ့ အကြောင်းအရာလေးတွေကို အင်တာဗျူးတစ်ခုမှာ မျှဝေလာခဲ့ပါတယ်။ iHeart ကလုပ်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုနဲ့ အင်တာဗျူးရင်း သူကသူ့ရဲ့အိမ်ကသရဲတစ်ကောင်အကြောင်းကို ရယ်ရယ်မောမောပြောပြလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=363,q=100/c3/c3106a8d018bd052bbed1edf046b453233ef9102.webp

Lisa ကသူ့အိမ်မှာ သရဲအခြောက်ခံနေရတဲ့အကြောင်းကို "ကျမအခန်းထဲမှာ ဆင်ဆာပါတဲ့ အမှိုက်ပုံးလေးတစ်ခုရှိပါတယ်။ ထိလိုက်ရင် 'win' လို့အော်ပြီး အမှိုက်ပုံးရဲ့အဖုံးကပွင့်လာတတ်ပါတယ်။ တနေ့ကျမအခန်းထဲက ကွန်ပျူတာရှေ့မှာလုပ်စရာရှိတာလုပ်ရင်းထိုင်နေတုန်း အနောက်ကအမှိုက်ပုံးကြီးက ဘယ်သူမှမထိပဲ အသံတွေမြည်ပြီး အဖုံးထပွင့်တာတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/40/40d4956ca9ff8c634a248ec7f9f125137534a9f8.jpg

ကျမလည်း ကျမရဲ့ကြောင်လေးထိသွားလို့လားလို့ လိုက်ရှာတော့ ကြောင်လေးကိုလည်း မတွေ့ရပါဘူး။ ၁၀ မိနစ်လောက်ဆက်တိုက်ဖြစ်နေတော့ ကျမလဲတော်တော်လန့်သွားခဲ့ပါတယ်။" ဆိုပြီးပြောပြလာခဲ့ပါတယ်။ အဲ့ဒီမှာ PD ကအိမ်ရဲ့နောက်ကြောင်းမစုံစမ်းကြည့်ဘူးလားလို့မေးတဲ့အခါ

https://s9.kh1.co/__image/w=650,h=366,q=100/ca/cabe7e00d9fba94462204799ad43746648fcef51.jpg

Lisa က "မစုံစမ်းဖြစ်ပါဘူး၊ အခုတော့ဒါကအထူးအဆန်းမဟုတ်တော့လို့ သရဲနဲ့ပဲအတူတူနေလိုက်တာပေါ့'" ဆိုပြီး အရွှန်းဖောက်ပြောဆိုသွားခဲ့ပါသေးတယ်။ပရိသတ်တွေကတော့ လီဆာကို ဂရုစိုက်ဖို့ပြောနေကြပြီး လီဆာနဲ့အတူရှိခွင့်ရတဲ့ သရဲကိုလည်း အားကျနေကြပါတယ်။ 

Photos- credit   

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T