အီဂျစ်နိုင်ငံ အနောက် သဲကန္တာရမှာ တွေ့ရှိခဲ့တဲ့ နှစ်ပေါင်း ၉၈ သန်း သက်တမ်းရှိ ဒိုင်နိုဆောရဲ့ ကျောရိုး

//s9.kh1.co/2c/2c66cd874c6d6e0fc4bcbee572ba317c625925f2.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

အီဂျစ်နိုင်ငံ အနောက် သဲကန္တာရမှာ တွေ့ရှိခဲ့တဲ့ နှစ်ပေါင်း ၉၈ သန်း သက်တမ်းရှိ ဒိုင်နိုဆောရဲ့ ကျောရိုး

နှစ်ပေါင်း ၉၈ သန်းခန့် သက်တမ်းရှိတဲ့ အသားစားဒိုင်နိုဆောရဲ့ ရုပ်ကြွင်းကို အီဂျစ်ဦးဆောင်သော သုတေသီအဖွဲ့မှ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ရုပ်ကြွင်းကိုတော့ အီဂျစ်နိုင်ငံ အနောက် သဲကန္တာရထဲကနေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

အဲ့ဒီ ရုပ်ကြွင်းဟာ Abelisaurid theropod မျိုးစိတ်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာရှိ Madagascar ကျွန်းအပြင် အာဖရိက ၊ တောင်အမေရိက နှင့် ဥရောပတိုက် လို့နေရာမျိုးတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၅ မှ ၆၆ သန်းအထိ  ကျက်စားနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဒိုင်နိုဆောတွေက ဦးခေါင်းကတော့ အမြီးအထိကို အရှည် ပေ ၂၀ လောက်အထိရှိပြီး မျက်နှာက ခွေးဘီလူးမျက်မှာနှင့်တူပါတယ်။

Photo Credit – From Google
Photo Credit – From Google

 ယခုတွေ့ရှိတဲ့ ရုပ်ကြွင်းဟာ အီဂျစ်မှာ ပထမဆုံးအကြိမ်တွေ့ရှိခဲ့တာဖြစ်ပြီး ရှေးအကျဆုံးလို့လည်း ဆိုပါတယ်။ ဒါပေမယ့် ၂၀ ရာစုအစောပိုင်းမှာ Spinosaurus အပါအဝင် အခြားနာမည်ကြီး ဒိုင်နိုဆောများရဲ့ ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ပေမယ့်  နမူနာများကို ဒုတိယကမ္ဘာစစ်အတွင်း မြူးနစ်ဗုံးခွဲမှုအတွင်း ဖျက်ဆီးသွားခဲ့ရပါတယ်။ အခုတွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းကလည်း အပြည့်အစုံတော့ မဟုတ်ပါဘူး။ Abelisaurid theropod ဒိုင်နိုဆောတစ်ကောင်ရဲ့ အရေးပါတယ်တဲ့ ကျောရိုးအစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - us.pahilopahilonews

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T