နော်ဝေး ရှေးဟောင်းသုတေသန ပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာ့ ရှေးအကျဆုံး ကမ္ပည်းကျောက်စာ

//s9.kh1.co/fc/fc20d35cfb1d0c1eb084d03938d0746ca9db81c8.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဇန်-၂၀၂၃ ၂pm · လွန်ခဲ့သော တစ်နှစ် က

နော်ဝေး ရှေးဟောင်းသုတေသန ပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာ့ ရှေးအကျဆုံး ကမ္ပည်းကျောက်စာ

နော်ဝေနိုင်ငံရှိ ရှေးဟောင်းသုတေသနပညာရှင်များက ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံးလို့ ဆိုတဲ့ ကမ္ပည်းကျောက်စာများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ ကျောက်စာဟာ နှစ်ပေါင်း ၂,၀၀၀ အထိ သက်တမ်းရှိပြီး runic အရေးအသားနဲ့ လျှို့ဝှက်ဆန်းကြယ်စွာ ရေးသားထားတာ ဖြစ်ပါတယ်။

Photo Credit - ABC
Photo Credit - ABC

နီညိုရောင်သဲကျောက်ရဲ့ အပြားလေးထောင့်တုံးဟာ စကင်ဒီနေးဗီးယားမှာ ရေးသားမှတ်တမ်းတင်ထားတဲ့ စကားလုံးများရဲ့ အစောဆုံးဥပမာတစ်ခု ဖြစ်နိုင်တယ်လို့ အော်စလိုရှိ ယဉ်ကျေးမှုသမိုင်းပြတိုက်က မှတ်ချက်ပြုခဲ့ပါတယ်။ ပြီးတော့ ဒါဟာက တွေ့ဖူးသမျှထဲမှာ ရှေးအကျဆုံး runic ကမ္ပည်းစာများ" နှင့် "ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး datable runestone" ဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit - ABC
Photo Credit - ABC
Photo Credit - ABC
Photo Credit - ABC

ကမ္ပည်းထိုးထားတဲ့ ကျောက်ကတော့ အလျား ၃၁ စင်တီမီတာ နှင့် ၃၂ စင်တီမီတာ (၁၂.၂ လက်မ နှင့် ၁၂.၆ လက်မ) ရှိပြီး အရှေ့ဘက်မှာ အက္ခရာလုံးရှစ်လုံးပါတဲ့“idiberug” စာကို ရေးထိုးထားပါတယ်။ ပညာရှင်တွေကတော့ အဲ့ဒီစာလုံးဟာ လူနာမည်ဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။

Photo Credit - ABC
Photo Credit - ABC

သတင်း အရင်းအမြစ်Source - ABC

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T