Pop King လို့တင်စားကြတဲ့ အမေရိကန်နာမည်ကြီးအဆိုတော် မိုက်ကယ်ဂျက်ဆင်ဟာ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ ပရိသတ်တွေရှေ့ကို ရုပ်ရှင်အနေနဲ့ ရောက်ရှိလာမှာ ဖြစ်ပြီး သူ့ကိုလွမ်းနေတဲ့ ပရိသတ်တွေကို အလွမ်းပြေစေတော့မှာ ဖြစ်ပါတယ်။
မိုက်ကယ်ဂျက်ဆင်ရဲ့ဘဝဇာတ်ကြောင်းကို ဒီနှစ်ထဲမှာ ရုပ်ရှင်ပြန်လည် ရိုက်ကူးသွားမယ်လိုသိရပြီး “Michael” လိုအမည်ပေးထားတာ ဖြစ်ပါတယ်။
ထိုရုပ်ရှင်ကို ဒါရိုက်တာ “Antoine Fuqua” ကရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ ‘Gladiator’ နဲ့ ‘Skyfall’ (James Bond) အတွက် ဇာတ်ညွှန်းရေးပေးခဲ့တဲ့ အော်စကာ ၃ ကြိမ်တိုင်တိုင် ဆန်ခါတင်စာရင်း၀င်ခဲ့တဲ့’ “John Logan” မှရေးသားထားတာ ဖြစ်ပါတယ်။
Michael ‘’ ရုပ်ရှင်ဟာ ရုပ်ရှင်နှင့်ဂီတပေါင်စပ်ထားတဲ့ ဂီတရုပ်ရှင်ကောင်းလေးတစ်ခု ဖြစ်မယ်လို့ သိရပြီး ပရိသတ်တွေကလည်း သူတို့လွမ်းဆွတ်နေတဲ့ ဂန္တဝင်အနုပညာရှင်ကြီးကိုလည်း တစ်ဖန်ပြန်တွေ့ခွင့်ရတော့မှာ ဖြစ်တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားလျက် ရှိပါတယ်။