သားဖြစ်သူနဲ့အန္တရာယ်များလွန်းတဲ့ကိစ္စကြီး လုပ်ခဲ့ရတဲ့အကြောင်း ရှင်းပြခဲ့တဲ့ Lee Si Young

//s9.kh1.co/ca/ca586fa61675cf6acb4345ec78b9cb81b4145910.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

သူ့သားလေးကို တော်တော်ချစ်တာ ဘာလို့အန္တရာယ်ဖြစ်စေမှာလဲနော် ..

တောင်ကိုရီးယားမင်းသမီး Lee Si Young ဟာဆိုရင် ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ကြားထဲကနေ သားလေးကို ကျောပေါ်တင်ပြီး Halla တောင်ပေါ်ကို တက်နေတဲ့ပုံရိပ်လေးတွေ ဝေမျှပေးလာခဲ့ပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ Lee Si Young က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Welcome the New Year at Mount Halla ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေ အများကြီး တင်ပေးလာပါတယ်။

Google
Google

အဆိုပါဓာတ်ပုံတွေထဲမှာ Lee Si Young က သူမရဲ့သားလေးကို ကျောကုန်းပေါ်တင်ပြီး Halla တောင်ပေါ်ကို တက်နေတာဖြစ်ပါတယ်။ Lee Si Young က နှစ်သစ်ကူးအချိန်တုန်းကလည်း သူမရဲ့ သားလေးကို ကျောပေါ်တင်ပြီး တောင်တက်နေတဲ့ ပုံတွေ တင်ပေးခဲ့ဖူးပါသေးတယ်။ အဆိုပါ ဓာတ်ပုံတွေထဲမှာ Lee Si Young ကိုသားဖြစ်သူအတွက် အန္တရာယ်ရှိတဲ့ အပြုအမူတွေ လုပ်နေတယ်လို့ဆိုကာ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါသေးတယ်။

Instagram
Instagram

Lee Si Young က သူမရဲ့သားလေးနဲ့အတူတောင်တက်ခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း ထပ်မံပြီး ပြောခဲ့ပါသေးတယ်။ Lee Si Young က အခုအချိန်မှ Halla တောင်ပေါ်ကို မတက်ရင် နောက်ထပ် အချိန် ၅ နှစ်စောင့်ရမှာဖြစ်ကြောင်း ၊ ၅ နှစ်ဆိုတဲ့အချိန်က သူမအတွက် အရမ်း အိုနေပြီဖြစ်တာကြောင့် သားလေးကို အခုလို ကျောပေါ်တင်ပြီး တတ်နိုင်ဖို့ဆိုတာ သူမအတွက် မသေချာတော့ကြောင်း ၊ အမှတ်တရလေးတွေ သိမ်းထားချင်တာကြောင့် အခုလိုမျိုး ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Instagram
Instagram
Instagram
Instagram
Instagram
Instagram

Lee Si Young က တောင်ထိပ်ပေါ်အထိ မရောက်နိုင်ခဲ့ပေမယ့် အဲဒီအချိန်လေးက ၂၀၂၂ ခုနှစ်အတွင်းမှာ သူမရဲ့ အပျော်ဆုံး အချိန်လေးဖြစ်ပြီး ဘယ်တော့မှလည်း မေ့နိုင်မှာ မဟုတ်တဲ့ အချိန်လေးဖြစ်တယ်လို့ တန်ဖိုးထားစွာနဲ့ ပြောခဲ့ပါတယ်။

Instagram
Instagram

ဝေဖန်မှုတွေ ကြားထဲကနေ သားလေးကို ကျောပေါ်တင်ပြီး တောင်တက်ပြလိုက်ရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြခဲ့တဲ့ Lee Si Young အကြောင်းကို ပရိသတ်အတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T