ချစ်ရတဲ့ မိတ်ဆွေ သူငယ်ချင်းများနှင့်စုပေါင်းပြီး ကြည်နူးစရာ လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့တဲ့ ပိုပို

//s9.kh1.co/72/7220065904429039fdeb2776fecc0b6226fef6ce.jpg
အနုပညာရှင်များ

 ၁၀-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော တစ်နှစ် က

ချစ်ရတဲ့ မိတ်ဆွေ သူငယ်ချင်းများနှင့်စုပေါင်းပြီး ကြည်နူးစရာ လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့တဲ့ ပိုပို

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို သိမ်းပိုက်ထားနိုင်သူကတော့ အဆိုတော် ပိုပို ပဲ ဖြစ်ပါတယ်။ ပိုပိုဟာ ဂီတလောကမှာ အောင်မြင်မှုတွေနဲ့‌လျှောက်နေခဲ့ပြီး တေးသီချင်းများစွာ ထွက်ရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit - popo
Photo Credit - popo
Photo Credit - popo
Photo Credit - popo

မကြာသေးမီက ဖမ်းဆီးချုပ်နှောင်ခံထားရာကနေ လွတ်မြောက်ခဲ့ပြီးနောက်မှာလည်း ဝါသနာပါရာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။ သူမဟာ အနုပညာအလုပ်အပြင် ဘာသာရေးနှင့် အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ယခုမှာလည်း ပိုပိုက ကုသိုလ်ကောင်းမှုလေးတစ်ခု ပြုလုပ်ခဲ့တာကို ပရိသတ်တွေ ထပ်တူကြည်နူးအောင် ဖော်ပြခဲ့ပါတယ်။

Photo Credit - popo
Photo Credit - popo
Photo Credit - popo
Photo Credit - popo

ဒါကတော့ မဟာဝိဟာရ ဘုန်းကြီးကျောင်းမှာ ပေါက်စီ အလုံး ၆၅၀ ကို ချစ်ရတဲ့ မိတ်ဆွေ သူငယ်ချင်းနှင့်စုပေါင်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ဟာသ သရုပ်ဆောင် ဆင်မတို့ ဇနီးမောင်နှံတို့ကလည်း တစ်ထောင့်တစ်နေရာက ပါဝင်ကုသိုလ်ပြုခဲ့တာကို တွေ့ရပါတယ်။ ပိုပိုကတော့ ပြုလုပ်ခဲ့တဲ့ ဒီအလှူလေးနဲ့ ပတ်သက်ပြီး ၇ ရက်သားသမီး အလှူလေးပါ ပရိတ်သတ်တွေ အားလုံး စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး ချမ်းသာ ကြွယ်ဝခြင်းများနှင့် ပြည့်စုံကြပါစေ ...မိမိ ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ အမြန်ဆုံး ပြန်လည်တွေ့ဆုံနေထိုင်နိုင်ကြပါစေ" လို့ ဆုမွန်ကောင်းတောင်းပေးထားတာ တွေ့ရပါတယ်။

Photo Credit - popo
Photo Credit - popo

သတင်း အရင်းအမြစ်Source - popo

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T