ကျောင်းသားဘဝတုန်းက ဖျားနာနေတဲ့အချိန် ဆေးကုပေးခဲ့ဖူးသူကို သွားရောက် ကန်တော့ခဲ့တဲ့ မနော

//s9.kh1.co/13/1399e2e089010249f01332d094501a3b2c1c2f42.jpg
အနုပညာရှင်များ

 ၂၉-ဒီ-၂၀၂၂ ၉am · လွန်ခဲ့သော တစ်နှစ် က

ကျောင်းသားဘဝတုန်းက ဖျားနာနေတဲ့အချိန် ဆေးကုပေးခဲ့ဖူးသူကို သွားရောက် ကန်တော့ခဲ့တဲ့ မနော

မြန်မာသံစဉ်တေးသီချင်းတွေနဲ့ ဂီတလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ သူကတော့ အဆိုတော် မနောပဲ ဖြစ်ပါတယ်။ မနောဟာ ဂီတလမ်းတလျှောက်မှာ တေးသီချင်းများစွာ ထွက်ရှိထားပြီး သူ့ရဲ့ သီချင်းတွေက လူကြီး၊ လူငယ်မရွေး သဘောကျကြိုက်နှစ်သက်ပြီး လက်ရှိအချိန်ရေပန်းစားနေတဲ့ သီချင်းကောင်းတွေဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/11/11444760fa0b60bbb43ebd3895b4d5a2f615f583.jpg

သူဟာ ဂီတမှာ ထူးချွန်တဲ့ အဆိုရှင်ဖြစ်တဲ့အပြင် တစ်ဖက်မှာလည်း ကိုယ်ပိုင်စီးပွားရေးအလုပ်ကို အောင်အောင်မြင်မြင်နဲ့ အကောင်းဆုံး လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ မနောဟာ စိတ်သဘောထားပြည့်ဝပြီး ပျော်ပျော်ပါးပါးနေတတ်ပြီး သူတစ်ပါးပေါ်ကိုလည်း အမြဲကူညီတတ်တာကြောင့် ပရိသတ်တွေလေးစားနေရတာ ဖြစ်ပါတယ်။ ယမန်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော် မနောက ကြည်နူးစရာ ပုံရိပ်တချို့ကို ဖော်ပြလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/d7/d7b5b391b20661882aefa9f7ccf1776278b6f4bc.jpg
https://s9.kh1.co/__image/w=650,h=488,q=100/63/638b08991ce146e60cf13fae3bd4836e0b4ed73c.jpg

ဒါကတော့ သူ တတိယတန်းကျောင်းသားဘဝတုန်းက ကျေးဇူးရှိသူကို သတိတရနှင့် သွားရောက်ပြီး လက်ဆယ်ဖြာ ထိပ်မှာမိုး ရှိခိုးကန်တော့ခဲ့တာပါ။ မနော စာဖြေပြီးအပြန် ဖျားနာနေတာကြောင့် လမ်းမလျှောက်နိုင်တော့ဘဲ ယခုပုံထဲက ဒေါ်ကြီးအိမ်ရှေ့ခုံလေးပေါ်မှာ နားရင်းအဖျားတက်ပြီး အိပ်ပျော်သွားတာကြောင့် သူ့အိမ်မှာ ခေါ်ပြီး ကုသပေးခဲ့သူပဲ ဖြစ်ပါတယ်။ ကျေးဇူးရှိခဲ့သူကို မမေ့မလျော့ဘဲ သိသမျှ မြင်သမျှ ပြန်ဆပ်ခဲ့တာလေးက တကယ့်ကို လေးစားအတုယူစရာပါ။

https://s9.kh1.co/__image/w=650,h=551,q=100/fa/fae92b391907046c15c21cb588902c90cf2f1792.jpg

သတင်း အရင်းအမြစ်Source- မနော

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T