၉ ထပ်ကွမ်းချန်ပီယံ ဂရိသူကို ယိုးဒယားမြေမှာ အလဲထိုးအနိုင်ယူပြလိုက်တဲ့ ကယန်းသူလေး ဘရော်နီကာ

//s9.kh1.co/da/da05128ef9c0753c53580f1fa370ca5674730072.jpg
အားကစားသတင်းများ

 ၂၄-ဒီ-၂၀၂၂ ၉pm · လွန်ခဲ့သော တစ်နှစ် က

.

ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကျင်းပပြုလုပ်တဲ့ ထိုင်းဘုရင့်ဖလားချန်ပီယံ (Thai Fight Royal Cup Champion) အဖြစ်ထိုးသတ်တဲ့ မွေ့ထိုင်းလက်ဝှေ့ပွဲမှာ ချန်ပီယံ (၉) ကြိမ်ရယူထားတဲ့ ဂရိနိုင်ငံသူ Fani Peloumpi ကို အလဲထိုးအနိုင်ယူခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ ပြိုင်ဘက်ကို အသာစီးက ထိုးသတ်ခဲ့ပြီး တတိယအချီမှာပဲ ညာဝှိုက်လက်သီး အလဲထိုးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ဘက် အသက် ၃၈ နှစ်အရွယ် ဂရိနိုင်ငံသူ Fani Peloumpi ဟာ မွေထိုင်းပွဲပေါင်း တစ်ရာကျော် အတွေ့အကြုံရှိပြီး ကမ္ဘာ့ချန်ပီယံ ၉ ကြိမ် ရရှိထားတဲ့ မွေထိုင်းလောကရဲ့ အထင်ကရ ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီပွဲကို အနိုင်ရတာကြောင့် ဘရော်နီကာဟာ ဆုကြေးငွေ ဘတ် ၂သိန်းခွဲနဲ့ စပွန်ဆာကုမ္ပဏီက ချီးမြှင့်တဲ့ ဘတ်တစ်သိန်းခွဲ စုစုပေါင်း ဘတ် ၄ သိန်းကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ကဲ...Myanmarload ပရိသတ်ကြီးရေ ယိုးဒယားမြေမှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ဘရော်နီကာ ကို ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပါဦး။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - BBC / MeKOng

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T