ဖားတွေမှာ သွားရှိလား..?

//s9.kh1.co/a3/a3315e2f0fd29558c47fddf9f0d1511df08b82d7.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-နို-၂၀၂၂ ၄pm · လွန်ခဲ့သော တစ်နှစ် က

ဖားတွေမှာ သွားရှိလား..?

အစာစားနေတဲ့ ဖားကို ကြည့်ပြီး သူတို့မှာ သွားရှိလားလို့ သင်တစ်ခါလောက် တွေးဖူးပါသလား..?။  ဒါက လူ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းလောက်က တွေးဖူးကြမှာတော့ မဟုတ်ပါဘူး။ တကယ်တော့ အသားစားဖားအုပ်စုအများစုမှာ သွားများရှိကြပါတယ်။ ဒါပေမယ့် ဖားအားလုံးတော့ မဆိုလိုပါဘူး။

Source – From Google
Source – From Google
Source – From Google
Source – From Google

အဲ့ဒီ အသားစားဖားများမှာတော့ Maxillary နှင့် Vomerine ဆိုပြီ သွားအမျိုးအစားနှစ်မျိုးရှိပါတယ်။ ဒါပေမယ့်  သူတို့ရဲ့ သွားတွေက အခြား နို့တိုက်သတ္တဝါများရဲ့ သွားများနဲ့တော့ မတူပါဘူး။ Maxillary ဆိုတဲ့ သွားကတော့ ဖားတွေရဲ့  အပေါ်မေးရိုးမှာသာရှိပြီး Vomerine ဆိုတာက ဦးခေါင်းခွံရဲ့ vomer အရိုးမှာရှိပြီး ချွဲမြှေးအစိတ်အပိုင်း အချို့ဖြင့် ဖုံးလွှမ်းထားတာ ဖြစ်ပါတယ်။

Source – From Google
Source – From Google
Source – From Google
Source – From Google

သူတို့ သွားလေးတွေက အရမ်းသေးငယ်ပြီး မီလီမီတာဝက်ထက် မပိုတာကြောင့် သွားလေးတွေကို အလွယ်တကူ မမြင်ရပါဘူး။ ထူးခြားတာတစ်ခုကတော့ ဖားတွေဟာ သူတို့ရဲ့ သွားတစ်ချောင်းကြိုးသွားတာနဲ့ အခါအားလျော်စွာ ပြန်လည်အစားထိုးကြပါတယ်။

Source – From Google
Source – From Google

သတင်း အရင်းအမြစ်Source - frogpets

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T