Kim Go Eun ရဲ့ Yumi’s Cell မှာ Timothée Chalamet ကိုထည့်သွင်းရိုက်ကူးဖို့ စဥ်းစားလျက်ရှိ..

https://s9.kh1.co/d0/d0d9905175683d004b3f41fe9ed39ff68ca615e3.jpg
အနုပညာရှင်များ
 25-Nov-2022 10am · 2 days ago

မင်းသမီး Kim Go Eun ရဲ့ဒရမ်မာဖြစ်တဲ့ Yumi’s Cells ဟာဆိုရင် ..

ကိုရီးယားရဲ့ နာမည်ကြီးဒရမ်မာဖြစ်တဲ့ Yumi’s Cells ရဲ့ season 3 ကိုရိုက်ကူးဖို့စီစဥ်နေပြီး ပထမ season နှစ်ခုထက်ပိုပြီး ထူးခြားအောင်ရိုက်သွားမယ်လို့ သိရပါတယ်။ မင်းသမီး Kim Go Eun ရဲ့ဒရမ်မာဖြစ်တဲ့ Yumi’s Cells ဟာဆိုရင် နာမည်ကြီး ကာတွန်းဇာတ်ကား ‘Inside Out’ လိုမျိုးရိုက်ကူးထားတာဖြစ်ပြီး ကိုရီးယားရဲ့ ပထမဆုံးသော လူနဲ့ Animation ကိုတွဲပြီးရိုက်ကူးထားတဲ့ ဒရမ်မာလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/2c/2c1277d13b3f37ba0c3f18bcb16255d316a88328.jpg

Yumi’s Cells ဟာ season နှစ်ခုထွက်ရှိပြီးဖြစ်ကာ season တစ်ခုမှာမင်းသားတစ်ယောက်စီနဲ့ ရိုက်ကူးထားပါတယ်။ Season 1 မှာတော့ မင်းသား Ah Bo Hyun , Season 2 မှာ GOT7 မှ Jin Young စတဲ့ ခပ်မိုက်မိုက်ပုံစံနဲ့မင်းသားတွေကို အသုံးပြုထားပြီး အခု season 3 မှာတော့ ကမ္ဘာကျော် ဟောလီးဝုဒ်သရုပ်ဆောင် Timothée Chalamet ကိုထည့်သွင်းရိုက်ကူးချင်နေတယ်လို့ သတင်းတွေထွက်ပေါ်လျက် ရှိပါတယ်။

https://s9.kh1.co/__image/w=640,h=948,q=100/bf/bf4453264e03336f389a95e47d1eb2565075c3f3.avif

ဒါရိုက်တာ Lee Sang Yeob ကတော့ Yumi’s Cells ရဲ့ season 3 အတွက်ပြောဖို့ အချိန်စောလွန်းနေပြီး သရုပ်ဆောင်တွေရော အဖွဲ့ဝင်တွေပါ အနားယူဖို့လိုအပ်နေတယ်လို့ ပြောထားပါတယ်။ ဒရမ်မာရဲ့ဇာတ်ညွှန်းအရ Season အသစ်ရိုက်ပါက နောက်ထပ်သရုပ်ဆောင်မင်းသား အသစ်လိုအပ်လာမှာဖြစ်တဲ့အတွက် ဒါရိုက်တာနဲ့ ထုတ်လုပ်ရေးအဖွဲ့ဝင်တွေဖက်က ဟောလီးဝုဒ်ရဲ့နာမည်ကြီး ‘Call Me By Your name’ သရုပ်ဆောင် Timothée Chalamet ကိုထည့်သွင်းရိုက်ကူးချင်တယ်လို့ ပြောထားပါတယ်။

https://s9.kh1.co/__image/w=600,h=643,q=100/41/41edcca6c7570c1549c50a6a4246c2715f44f882.jpg

Timothée Chalamet ဟာဆိုရင်တော့ နာမည်ကြီးရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ "Dune", "Call Me By Your Name," "The lady Bird" နဲ့ "Little Women" တို့မှာပါဝင်သရုပ်ဆောင်ထားပြီး ကမ္ဘာကျော်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းဆွဲ မင်းသားလည်း ဖြစ်ပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း