သံဖြူဇရပ်မှာ အရက်မူးပြီး ဖုန်းတာဝါတိုင်ပေါ် တက်သွားတဲ့ ပုဂ္ဂိုလ်ကို ဝိုင်းဝန်းကယ်ဆယ်ခဲ့ရ

//s9.kh1.co/24/242c22ad2005d763dd4a19eae50c43f0d63ba892.jpg
နေ့စဉ်သတင်းများ

 ၂၄-နို-၂၀၂၂ ၃pm · လွန်ခဲ့သော တစ်နှစ် က

သံဖြူဇရပ်မြို့ ၊ ဖောင်စိန်ရပ်ကွက် မှာရှိတဲ့ MPT ဖုန်းတိုင် ပေါ် ကို...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

နိုဝင်ဘာ(၂၃)ရက်နေ့ ည က သံဖြူဇရပ်မြို့မှာ ဖုန်းတာဝါတိုင်ပေါ် တက်ပြီး တံတိုင်းကြား ညပ်နေတဲ့ အမျိုးသားကို ကယ်ဆယ်လိုက်ရတယ်လို့ သံဖြူဇရပ်မြို့နယ် မီးသတ်တပ်ဖွဲ့ Rescue Team ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

၎င်းအမျိုးသား ဟာ အရက်မူးပြီး သံဖြူဇရပ်မြို့ ၊ ဖောင်စိန်ရပ်ကွက်မှာရှိတဲ့ MPT ဖုန်းတာဝါတိုင်ပေါ်သို့ တက်ရောက်ပြီးမှ ညပ်ပြီးပြန်မဆင်းနိုင်ဖြစ်နေခဲ့တာကြောင့် ထိုသူအား သံဖြူဇရပ်မြို့မီးသတ်ဖွဲ့နှင့်အတူ စေတနာရှင်လူမှု ကယ်ဆယ်ရေး အသင်း တို့မှ သွားရောက် ကယ်ဆယ်ပေးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါ အမျိုးသား အား အသက်ကယ်ကြိုးများဖြင့် အောက်သို့ပြန်ချပေးစဉ်မှာတော့ ရုန်းကန်မှုကြောင့် ဒဏ်ရာအနည်းငယ်တော့ရရှိခဲ့ပေမယ့် ၎င်းအနေနဲ့ ဆေးကုသမှု ခံယူနိုင်ရန်အတွက် သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံသို့ စေတနာရှင်လူမှုကယ်ဆယ်ရေး အသင်း မှ ဆက်လက် ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T